ဒေါက်~ဒေါက်
"ကျွန်တော်ဝင်လာခဲ့မယ်နော်"
ဝင်လာခဲ့မယ်နော်တဲ့အရင်ကလဲ
သူ့သဘောနဲ့သူဝင်ထွက်နေပြီး
ဝင်လာခဲ့မယ်နော်တဲ့ တစ်ကယ်စိတ်ပျက်စရာကောင်ပဲ။တံခါးဖွင့်သံနှင့်အတူမြင်ရသည်က
အရင်ဆုံးညို့ရိုင်းသွင်၊သူ့အနောက်မှာ
မိန်းကလေးတစ်ယောက်။"လာ"
မိန်းကလေးက သနပ်ခါးကိုပါးနှစ်ဖက်တွင်ညီနေအောင် ပါးကွက် ကွက်ထားသည် ။
ပုံစံကြည့်ရသည်မှာယဉ်ကျေးသော
မိန်းမငယ်လေးတစ်ယောက်ပင်
သို့သော ညို့ရိုင်းသွင်ကိုကြောက်နေသလို။"ဉီးချိန်း....သူကပျိုမေစံ၊ဉီးချိန်းအတွက်အဖော်"
အဖော် ဒီမိန်းကလေးကိုငါ့အတွက်
အဖော်ဆိုပြီးပြောနေတာလား
ရူးများနေတာလား။"ယောက်ျားလေးမဟုတ်ဘူးလား၊မင်းဟာက မိန်းကလေးဆိုတော့ငါနဲ့"
"ဘာမှမဖြစ်ဘူး၊သူကဉီးချိန်းရဲ့ဘေးအခန်းမှာရှိလိမ့်မယ် ခိုင်းစရာရှိရင်
ဖုန်းဆက်လိုက် သူ့အခန်းထဲ
ကြိုးဖုန်းတစ်လုံးထည့်ပေးထားတယ်""အော်..ကောင်းပြီလေ"
ညို့ရိုင်းသွင်ကပြောပြီးသည်နှင့်အခန်း
ထဲကို မျက်လုံးဝှေ့ကြည့်သည်။"သွားတော့မယ်"
"အေး.."
သူအားတစ်ခွန်းသာပြန်ပြောပြီးနောက်
ငြိမ်နေသော မိန်းကလေးအား"မင်္ဂလာပါ၊မင်းအသက်ဘယ်လောက်လဲ"
"......"
"မေးမနေနဲ့၊သူစကားမပြောတက်ဘူး"
"ဟမ်"
အပြင်သို့ထွက်ခါနီး ညို့ရိုင်းသွင်က
လှည့်ပြောလိုက်ချင်းပေ။မိန်းကလေးကခေါင်းလေးငုံ့နေရှာသည်။
ဒီလိုဆိုချိန်းအတွက်သူကအကူညီ
ဘယ်ဖြစ်တော့မှာလဲ။"ဟုတ်တယ်လေ၊ပြောဖို့မေ့နေသေးတယ် အခန်းရဲ့psကိုဖြုတ်လိုက်ပြီ၊
ဉီးချိန်း အိမ်ထဲမှာသွားချင်တဲ့နေရာသွားလို့ရတယ် အပြင်တော့ကျွန်တော်နဲ့အတူတူမှထွက်ပေါ့"
YOU ARE READING
Classic Change(ချိန်း)
Romanceချိန်းကြိုးမင်း+ညို့ရိုင်းသွင် Changeကိုပြောင်းလဲမူဆိုတာထက် ချိန်းလို့ပဲ ယူဆ ဖော်ပြထားတာပါ။