Chapter-11(Unicode)

426 29 19
                                    

ခွမ်း~~

အိပ်ပျော်လုနီးပါဖြစ်နေချိန် ကြားလိုက်ရသော အသံ ကြောင့်
ချိန်း၏မျက်လုံးများပွင့်သွားရသည်။

"ဒီအချိန်ကြီး ဘာလုပ်နေတာလဲ"

ဒုန်း~ဒုန်း

တွေးနေစဥ်တံခါးအားထုရိုက်လာသော
အသံ....

"လာပြီ ၊ခဏ ဘယ်လိုဖြစ်လို့ဒီလောက်"

တံခါးနားသွား၍စိတ်တိုတိုနှင့်ပြောရင်း
ဖွင့်လိုက်တော့ ပျိုမေစံ၊

"ဟင်...ပျို၊ဘာလို့ညဘက်ကြီး"

ပျိုမေစံက သူပြောတာကိုဆုံးအောင်
နားမထောင်ပဲ ထိတ်ထိတ်ပြာပြာဖြင့်
သူ့လက်အားဆွဲလာသည်။

"ဘာ...ဘာဖြစ်တာလဲ"

သူမက အိမ်အောက်ထပ်သို့လက်ညိုးထိုးရင်းသူ့လက်အား အတင်းဆွဲနေသည်။

"အောက်ထပ်လား၊အင်းအင်း
ကိုယ်လိုက်ခဲ့မယ်နော်"

သူမက ချိန်း၏အဖြေကြောင့်
စိတ်ပေါ့သွားဟန်ဖြင့် အောက်ထပ်သို့
ရှေ့မှပြေးဆင်းသွားသောကြောင့်
သူလည်းနောက်မှလျှင်မြန်စွာ
လိုက်သွားရလေသည်။

တစ်ခုခုဖြစ်လျှင်လည်းသူမကစကား
မပြောတက်သဖြင့် အနည်းငယ်တော့ခက်သည်။ လိုရင်းကိုနားလည်ရန်
ကြာရသည်။

သူမကအခန်းတစ်ခုရှေ့ရောက်တော့
ရပ်သွားပြီး သူ့အား ပြန်လှည့်ကြည့်ရင်း
အခန်းထဲသို့လက်ညှိုးထိုးပြလာသည်။

ချိန်းလိုက်ကြည့်မိတော့ ရှုပ်ပွနေသည့်
ဖန်ကွဲစများ၊

"ဟမ်"

ဝင်လိုက်သည်အခါတွင် သွေးနံ့များလှိုင်ထလာလေတော့သည်။

"ညို့ရိုင်းသွင်၊ရဲ့အခန်းလား"

သူတည်ငြိမ်စွာ ဖြင့် ပျိုမေစံအားလှည့်
မေးလိုက်တော့ ခေါင်းကိုထပ်ခါထပ်ခါ
ညိမ့်ပြလာသည်။

"ဒီကောင်၊ဒီအချိန်ကြီးဘာလုပ်နေတာလဲ"

"..."

"ညို့ရိုင်းသွင်၊မင်းဘာလုပ်နေတာလဲ"

ပြန်ဖြေသံကမကြား၊

"ညို့ရိုင်းသွင်၊ငါခေါ်နေတာကြားလား"

"...."

Classic Change(ချိန်း)Where stories live. Discover now