Chapter-3(Unicode)

1K 62 4
                                    

ဖက်ဖူးစိမ်းရောင်ပြိုင်ကားလေးက
လမ်းမကြီးပေါ်မှာ လျှင်မြန်စွာမောင်းနှင်နေလေသည်။

သို့သောကားထဲရှိလူနှစ်ယောက်မှာ
အခြေအနေကွဲပြားစွာဖြင့်

တစ်ယောက်မှာလေလေးချွန်ကာ
မောင်းနှင်နေပြီး ကျန်တစ်ယောက်မှာ
ငိုရင်းလိုက်ပါလာချင်းသာ။

"အား....ငါ့ကိုအသက်ကြီးမှသေစေချင်နေတာလား၊ညို့ရိုင်းသွင် အရှိန်လျှော့စမ်း"

"ဦးချိန်းပဲအရေးကြီးလို့အမြန်ရောက်ချင်တာဆို"

"ကြီးတယ်လေဒါပေမယ့်ငါအလုပ်မရောက်ခင် ရေဝေးကိုရောက်သွားရလိမ့်မယ်ကွ"

"ဟားဟား...ရေဝေးရောက်အောင်တော့
လုပ်မလားဦးချိန်းရ၊ကလေးလေးကျနေတာပဲ"

"တော်စမ်း၊မင်းနဲ့လိုက်လာမိတာမှားတာပဲ ငါ့ခေါင်းရှုပ်ပွနေပြီကွ၊
ဒီပုံစံနဲ့ဘယ်လိုရုံးသွားရမှာလဲ"

ထိုအခါ ညို့ရိုင်းသွင် သည် ကားအား
လမ်းဘေးသို့ရပ်လိုက်လေသည်။

"ဘာဖြစ်လို့လဲ၊ငါ့ကိုမောင်းခိုင်းမလို့လား"

မည်သည့်အဖြေမျှပြန်မပေးပဲ
ညို့ရိုင်းသွင် ၏လက်သည် ချိန်း၏
ခေါင်းပေါ်သို့ရောက်သွားလေပြီ။

"ဦးချိန်း...ကန်တော့နော်"

"မင်းဘာလုပ်တာလဲ"

"ရှုပ်ပွနေတဲ့ခေါင်းကို သပ်ပေးမလို့လေ"

"မလိုဘူး၊ငါ့ဘာသာလုပ်တက်တယ်"

"ကျွန်တော်ကလုပ်ပေးချင်လို့လေ"

ဂျိန်း~~~

"ဟာ..မိုးချိန်းလာပြီ၊ ဆောင်းနှင်းဘက်ကြီးမိုးရွာတော့မယ်ထင်တယ်"

မိုးချိန်းလာပြီဟုပြောလိုက်ချိန်တွင်
ချိန်းကြိုးမင်း ၏မျက်နှာသည်
မဲတက်သွားလေတော့သည်။

"ဘယ်ဖြစ်မလဲ၊ငါ့အလုပ်"

"စိတ်မပူပါနဲ့၊ကျွန်တော်..ဦးချိန်းကို
အန္တာရယ်ကင်းကင်းနဲ့ရုံးရောက်အောင်ပို့ပေးပါ့မယ်"

"ပြီးတာပဲ ၊သွားရအောင်"

"ဟုတ်"

ကားလေးသည်ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။

Classic Change(ချိန်း)Where stories live. Discover now