Chapter-7(Unicode)

956 51 12
                                    

ကုတင်ပေါ်တွင် ငြိမ်းချမ်းစွာအိပ်စက်
နေသော ချိန်း အား ဘေးမှထိုင်ကြည့်
နေသော ရိုင်း ၊

မေးထောက်ရင်းသူ့ချစ်ရသူ၏
မျက်တောင်ရှည်လေးများကိုရေတွက်
နေမိသည်။ ဒီမျက်တောင်လေးတွေကို
ထိကိုင်ချင်မိသည် သို့သောသူမကိုင်ရဲ

နိုးသွားလို့သိသွားခဲ့ရင် သူ့ကိုမလေးစား
ရမလားဆိုပြီး စိတ်ကောက်နေမှဖြင့်

"နှုတ်ခမ်းဖူးဖူးလေးကိုနမ်းချင်တာ
အရမ်းပဲ"

ပြန်ဖြေလာမည်မဟုတ်ကြောင်းသူ
သိသည်။ သို့သော် တစ်ယောက်ထဲ
ပြောနေရရင်လဲ ကျေနပ်မိပါသည်။

"မောင့်ချိန်းကတစ်ကယ့်၆နှစ်သားလေးလိုပဲ သိလား"

မျက်တောင်ရှည်လေးတွေက ဆေးအကူဖြင့်ကော့စရာမလိုစွာ
နှုတ်ခမ်းဖူးဖူးလေးဟာလည်း
ပန်းရောင်သမ်းလို့
သူ့ရှေ့ကလူသားရဲ့အသက်က
42နှစ်ဆိုတာ တော်ရုံဆိုယုံကြမှာမဟုတ်ဘူး ဒီလောက်ချစ်ဖို့ကောင်းတာ

ကြည့်နေရင်းဖြင့် မျက်တောင်လေးက
လှုပ်လာလေသောကြောင့်
မေးထောက်ထားသော ရိုင်းက
ခေါင်းပြန်မတ်လိုက်လေသည်။

လေးလံထိုင်းမှိုင်းစွာဖြင့် ချိန်း၏
မျက်လုံးများပွင့်လာလေသည်။

မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့်
မျက်နှာကျက် ဟာသူ့အိမ်မဟုတ်

"ဘာတွေ တွေးနေတာလဲ။"

အသံ ဒီအသံကိုသူရင်းရင်းနှီးနှီးကြားဖူးသည်။

"မေးနေတာကိုဆက်တွေးနေတယ်။"

ညို့ရိုင်းသွင် ဒါဆိုသူ့ကိုဒီခေါ်လာတာကညို့ရိုင်းသွင်ပေါ့

"မင်း....ဘာလို့ဒီကို"

"အခုမှပြန်သတိရပြီလား၊ဦးချိန်းကို
လွမ်းလွန်းလို့ ခေါ်တွေ့ခဲ့ပေမယ့်
နောက်ကျောလေးမြင်လိုက်ရုံနဲ့
ပိုင်ဆိုင်လိုစိတ်တွေပြင်းထန်လာလို့
ခေါ်လာခဲ့လိုက်တာ၊အဟင်း"

"မင်းရူးနေတာလား"

"အင်း"

"ဘာ"

"ရူးနေတာဗျာ၊ခင်ဗျားကြောင့်"

ဒေါသသံမဟုတ်ပေမယ့် မာန်ပါလွန်းသောရိုင်း၏အသံကြောင့်
ချိန်းကိုယ်လေး တုန့်သွားလေသည်ကို
မြင်သောအခါ

Classic Change(ချိန်း)Where stories live. Discover now