ခလောက်~(တံခါးဖွင့်သံ)
တံခါးဖွင့်သံကိုကြားလိုက်ရသော
ချိန်းသည် နိုးနေပါသောလည်း
အိပ်ချင်ယောင်ဆောင်နေမိသည်။passwordရိုက်နေသော သူက
လျှင်မြန်စွာ ရိုက်ပြီးနောက်
သူ့ဘက်ကိုလှည့်ကြည့်လာပြီး"ဉီးချိန်း"
ပြန်ထူးချင်းမရှိသောကြောင့် လှည့်
ကြည့်လိုက်တော့ အိပ်နေသေးတာပဲ"နေမကောင်းဘူးထင်တယ်၊"
သူကချိန်း ရဲ့နှာဖူးကို ဖွဖွလေးကိုင်
လာသည်။"နွေးနေတာပဲ၊မောင်လေ မောင့်ချိန်း
ကိုသိပ်ချစ်တာပဲသိလား"မောင့်ချိန်းတဲ့လား ဒီအသုံးအနှုန်းကို
သူတစ်ခါမှမကြားဖူးဘူးလေ။
ဒီကောင်လေးကအခုမှသုံးတာလား
သူကပဲအခုမှသိတာလား။"မောင်ဒီလိုသိမ်းထားတာကသက်မဲ့မဟုတ်မှန်းသိပါတယ်"
အိပ်ချင်ယောင်ဆောင်နေသော
ချိန်း၏မျက်တောင်များလှုပ်သွားမိသည်။သို့သော်စကားပြောနေသူကတော့
သတိမထားမိ.."ဒေါ်ခင်နန်းဆွေ နဲ့ဟန်ဆောင်လက်ထပ်
ထားတာဆိုတာလဲ မောင်သိသား"သူသိနေတယ်၊သူသိနေရင်ဘာလို့
ဒီကိုခေါ်လာတာလဲ။"မောင်ကသိရက်နဲ့တောင် သိပ်သဝန်
တိုနေမိတာ""မောင့်ရဲ့သစ်ရွက်စိမ်းလေး"
သစ်ရွက်စိမ်းတဲ့လား ဘာလို့သူ့ကို
ဒီလိုခေါ်တာလဲ။ကလေးကလား။"မောင့်ကိုခင်ဗျားမချစ်မှန်းသိပါတယ်၊
မောင်စွန့်လွှတ်ဖို့တွေးခဲ့သေးတယ်။""....."
"ဒါပေမယ့်မရဘူးတဲ့"
"မင်းပင်ပန်းမှာပေါ့..ငါ့ကို့ချစ်ရတာ
မင်းအတွက်သိပ်ပင်ပန်းလိမ့်မယ်""နိုးလာပြီလား၊ဘာစားမလဲ"
"စကားလမ်းကြောင်းမလွဲနဲ့
ညို့ရိုင်းသွင်၊အားလုံးကိုသိနေရက်နဲ့
မင်းဒီလိုရူးမိုက်နေတာမင်းအတွက်
အဆုံးသတ်ကောင်းလိမ့်မယ်ထင်လား""မထင်မိဘူး၊"
"....."
တစ်ကယ်ကိုတစ်ဇွတ်ထိုးနိုင်လိုက်တာ
YOU ARE READING
Classic Change(ချိန်း)
Romanceချိန်းကြိုးမင်း+ညို့ရိုင်းသွင် Changeကိုပြောင်းလဲမူဆိုတာထက် ချိန်းလို့ပဲ ယူဆ ဖော်ပြထားတာပါ။