တီ~တီ
သလွန်းအိမ်တော်၏ခြံဝင်းထဲသို့
အဆင့်မြင့်ကားတစ်စီးကဝင်ရောက်လာလေသည်။သလွန်းအိမ်တော်ဆိုသည်မှာ
အလွန်ကိုကြီးကျယ်ခမ်းနားသော
မျိုးနွယ်ပိုင်စံအိမ်တော်ဖြစ်သည်။ခြံဝင်ထဲသို့ဝင်လာသောအနက်ရောင်ကားသည် ရပ်သွားပြီးကားပေါ်မှ
ညိုညက်ညက်ခြေထောက်တစ်စုံထွက်ပေါ်လာလေသည်။ပါဝါပါသောမျက်မှန်အားတပ်ထားကာ
အသက်40ကျော်ခန့်ရှိသောအမျိုးသား
တစ်ဦးသည်ကားပေါ်မှဆင်းဆင်းခြင်း
ခြံဝန်းသို့ခေါင်းတစ်ချက်လှည့်လည်
ကြည့်ပြီနောက် အိမ်တော်ထဲသို့
တည်ကြည်သောမျက်နှာထားနှင့်
ဝင်သွားလေသည်။အိမ်တော်ဝင်ဝင်ခြင်းတွင် အမဲရောင်
ဝတ်ဆုံများ အားဆင်တူဝတ်ဆင်ထားကြသော အိမ်ဖော်မိန်းကလေးငါးယောက်က ခေါင်းများငုတ်ထားကြလေသည်။"ညို့ရိုင်းသွင်ရော"
ထိုအမျိုးသား၏အသံမှာအလွန်ကို
ပြတ်သားတည်ကြည်နေစွာရှိလှသောကြောင့် အမေးခံလိုက်ရတော့
အိမ်ဖော်အမျိုးသမီးလေးများသည်
ခေါင်းများအားမမော့ရဲသောလည်း
မဖြေလျှင်လည်းမဖြစ်သည့်အတွက်
အသက်အကြီးဆုံးဟုယူဆရသော
အိမ်ဖော်အမျိုးသမီးမှ.."သခင်လေး..ပြန်မရောက်သေးပါဘူး"
ထိုစကားအားကြားလျှင် အမျိုးသားသည် ကြိုစဥ်းစားမိဟန်ရှိသောကြောင့်
တည်ငြိမ်စွာပင်..."ဘယ်အချိန်ကသွားတာလဲ"
ထိုအခါတွင် အိမ်ဖော်အမျိုးသမီးကြီးသည်ပြန်မဖြေရဲတော့ပဲ...ဘေးရှိ
ကောင်မလေးများအားလှည့်ကြည့်နေလေသည်။သူမတို့ကအရိပ်အကဲကိုနားလည်သော
အမျိုးသားသည် မျက်မှန်ကိုင်းအား
တစ်ချက်ပင့်ကာ..."တော်ပြီ...၊ပြန်လာရင် ထမင်းမကျွေးနဲ့"
"ဟုတ်...ဟုတ်ကဲ့ပါသခင်ကြီး"
ချိန်းကြိုးမင်းသည် သူမဆီမှအဖြေစကားရပြီးသည်နှင့်မိမိအခန်းရှိရာ
အထပ်သို့သာတက်သွားလေတော့သည်။ညို့ရိုင်းသွင် ဆိုသည်မှာ သူ၏အကို
ဟိန်းမျိုးမင်း၏မွေးစားသားဖြစ်လေသည်။
YOU ARE READING
Classic Change(ချိန်း)
عاطفيةချိန်းကြိုးမင်း+ညို့ရိုင်းသွင် Changeကိုပြောင်းလဲမူဆိုတာထက် ချိန်းလို့ပဲ ယူဆ ဖော်ပြထားတာပါ။