Chapter-12(Unicode)

444 29 13
                                    

(11ကတိုသွားတာမို့ 12မှာရှည်ရှည်လေးရေးပေးထားပါတယ်ရှင်)

ဆေးရုံကုတင်ပေါ်တွင်ငြိမ်သက်စွာလှဲနေသော သူ၏မျက်ခွံများကလှုပ်လာနေသည်။

မျက်လုံးပွင့်သည်နှင့်မြင်လိုက်ရသည့်
မျက်နှာကျက်ကသူဆေးရုံရောက်နေပြီဆိုတာပြောပြနေသည်။

သို့သော်သူရှာနေမိတာက လူတစ်ယောက်ကို။

ခလောက်~

တံခါးပွင့်သံကြောင့် မျှော်နေသူများလားဟူ၍ အားတက်သရောကြည့်မိပါသောလည်း မိမိမျှော်နေသူမဟုတ်ပဲ
တစ်ခြားတစ်ယောက်။

ဝင်လာသည့်လူက သူသတိရသည်ကို
မြင်သည်နှင့် လျှင်မြန်သောခြေလှမ်း
ဖြင့်လျှောက်လာရင်း၊

"သတိရပြီးလား၊ စိုးရိမ်စရာမရှိတော့ပါဘူး သွေးလိုနေတယ်ဆိုလို့ ငါနဲ့အမျိုးစားတူနေတာမလို့ ငါသွင်းပေးထားတယ်"

"မင်းဘယ်သူလဲ"

"အော်...ငါကဒီဆေးရုံကဆရာဝန်တစ်ယောက်ပါ မင်းငါ့ကိုမမှတ်မိလောက်ဘူးငါတော့မင်းကိုသိတယ်"

"သူရော"

"သူ...."

"ငါ့ကိုဆေးရုံလိုက်ပို့တဲ့သူရော၊ဘယ်မှာလဲ"

"အော်...သူလား၊သူကမင်းကိုဆေးရုံပို့ပြီး စရိတ်တွေအကုန်ရှင်းပေးပြီးထဲကပြန်သွားပြီ မင်းလဲဆေးရုံဆင်းလို့ရနေပါပြီ"

"အော်"

ညို့ရိုင်းသွင်၏ မျက်နှာမှာမှိုင်းကျသွားလေတော့သည်။

ယခုလောက်ထိသူ့ကိုသံယောဇဥ်မရှိ
တာပါတဲ့လား၊
သူထင်ခဲ့တာက သူနဲ့နေလာတာကြာပြီမို့ သူ့ကို..

"လက်က သွေးရိုးသားရိုးတော့မဟုတ်ဘူးမှတ်လား"

ခန့်စိုင်းရာ ကရှေ့မှာ ကောင်လေးအား
သေချာကြည့်နေပြီးမှမေးလိုက်ချင်းပင်။

ဓားဒဏ်ရာတွေက မိမိကိုယ်တိုင်လုပ်ချင်းဟုတ်လျှင်ဟုတ်၊မဟုတ်လျှင်
သူများကလုပ်ချင်သာ..မတော်တဆတော့လုံးဝမဖြစ်နိုင်သည်မှ များပြားလှသောဒဏ်ရာတို့အားကြည့်ရင်းသိနိုင်လေသည်။

Classic Change(ချိန်း)Where stories live. Discover now