Chapter-5(Unicode)

695 51 2
                                    

ထိုနေ့မှစ၍ ရိုင်းသည် အိမ်သို့မပြန်တော့သလို ချိန်းသည်လည်းအမြဲငေး
ငိုင်နေတက်လေသည်။

ဘာဖြစ်လာ၍ဒီလောက်ထိတိတ်ဆိတ်သွားခဲ့တာလဲအားမသိသော ခင်နန်းဆွေသည်လည်း အကြောင်းအရင်းအားမမေးရဲပေ။

သို့သော ထိုကောင်လေးအိမ်ပြန်မလာသည်မှာ ဒီနေ့နဲ့ဆို၁ပတ်တိတိပြည့်နေပါပြီ။

ထမင်းစားခန်းထဲဝင်လာသော
မောင်မှာ ယခုထိလည်းမျက်နှာ
မကောင်းစွာ ရိုင်း၏အကြောင်းကိုလည်းပြောလာချင်းမရှိ။

"မောင်..နေလို့ကောင်းရဲ့လား"

မောင်က ထိုင်လိုက်ပြီး ခင့်ကိုမော့ကြည့်
နေလေသည်။

မောင့်ရဲ့မျက်ဝန်းထဲမှာအားနာမူအရိပ်ယောင်တွေအပြည့်။

"မောင်..ခင့်ကိုတစ်ခုခုပြောစရာရှိရင်
ပြောပါ ခင်နားထောင်နေတယ်။"

မောင်က ခင့်အပြောကြောင့် ကိုင်ထားသောခရင်းနှင့်ဇွန်း အားချလိုက်ပြီး
နောက် တုန်ရီနေသောလက်ဖြင့်
ရေကိုမော့သောက်နေပြီးမှ..

"ဘာမှမဖြစ်ပါဘူး။"

မောင်ကမပြောချင်ပုံဖြစ်နေသည့်
အတွက် ခင်ကပဲပြောရပေတော့မည်။

ထို့အတွက်သူ့ထံတွင်အားနာသည့်အရိပ်ရယ်လို့မရှိ။

"ခင်ပြောစရာရှိတယ် မောင်"

မောင်ကခင့်အားကြည့်လာရင်း

"ပြောလေ"

"မင်းမြတ်မောင်..ထောင်ကလွတ်လာပြီ"

ထိုအခါမောင်ကစိတ်သက်သာရာရသွားသည့်အလား သက်ပျင်းချလိုက်ကာ..

"မင်းမြတ်မောင်..နဲ့ပြန်ပေါင်းချင်လားခင်၊မောင့်ခွင့်ပြုတယ်နော်"

မောင်က ပေါ့ပေါ့ပါးပါးပြန်၍ပြောလာလေသည်။

မင်းမြတ်မောင် ဆိုသည်မှာ ချိန်းကြိုးမင်း၏ငယ်သူငယ်ချင်းဖြစ်လေသည်။

ခင်နန်းဆွေနှင့်ချစ်ကြိုက်ပြီး အသိုင်းဝိုင်းကြီးသော ခင်နန်းဆွေ၏မိဘများက သဘောမတူသဖြင့်
ခိုးပြေးကြရာမှ မိဘများကမိခဲ့ပြီး
ခင်နန်းဆွေအားအိမ်ထဲပိတ်လှောင်၍
မင်းမြတ်မောင်ကိုတော့ဖြားယောင်းသွေးဆောင်မူဖြင့်တရားစွဲခဲ့လေသည်။ ဆင်းရဲလွန်းသောမင်းမြတ်မောင်က အမူမလိုက်နိုင်သဖြင့် ထောင်ကျခဲ့ရခြင်း။

Classic Change(ချိန်း)Where stories live. Discover now