Chapter-10(Unicode)

453 28 2
                                    

ညကအတော်နက်နေပြီဖြစ်သည်။
သို့သော် ပုံမှန်ဆိုလျှင် ညဦးပိုင်းထဲက
ချိန်းဆီလာကာ စကားများပြောလေ့ရှိသော ညို့ရိုင်းသွင်သည်ရောက်မလာ

ပျိုမေစံ ကတော့ စားစရာတစ်ချို့အား
ယူလာကာပေးရင်း ခနထိုင်နေပြီးနောက် လက်အမူယာဖြင့် သူအိပ်တော့မည်ဖြစ်ကြောင်းပြောလာလေသည်။

မြင်လာတာရက်သက်တစ်ပတ်လောက်
ရှိလာပြီဖြစ်သည့်အတွက်လားချိန်းကပဲ လူကြီးတစ်ယောက်မို့အရိပ်အကဲကြည့်တက်တာလားမပြောတက်ပေမယ့်...
ညို့ရိုင်းသွင်လာချိန်တွင် ပျိုမေစံသည်
ဘာကိုကြောက်နေမှန်းမသိတုန်လှုပ်နေ
တက်သော်လည်း ချိန်းနှင့်ရှိနေချိန်
တွင်တော့သူမကပြုံးသည်၊ရယ်သည်။

သူမက.. စကားမပြောတက်တာကို
ထွေထွေထူးထူးစိတ်မကောင်းဖြစ်နေချင်းမရှိပေ။

သူမကတစ်ခါတစ်လေ အခန်းထဲကို
စာအုပ်နှင့်ဘော့ပင်ယူလာလေသည်။
တစ်ခါတစ်လေတွင်တော့ ချိန်း၏
ဖုန်းနှင့်စာရိုက်ပြောလေ့ရှိသည်။

အဲ့လိုမှမဟုတ်လျှင်တော့ သူမက
လက်အမူယာတွေဖြင့် ချိန်းကို
သူပြောလိုတာကိုသိစေသည်။

သူမက ငယ်ရွယ်ပြီးချစ်စရမိန်းကလေးတစ်ယောက်ဆိုတာချိန်းဒီရက်ထဲသိလာရသည်။

မိမိဒီထဲပိတ်မိနေတဲ့ရက်မှာလနီးပါး
ရှိပြီဖြစ်သည်။ ထပ်၍လည်းချိန်းသည် ညို့ရိုင်းသွင်နှင့်စကားလိုတာထက်
ပိုမပြောချင်ပါ။

စိမ်းမြဲစိမ်းစဲပေလေ။သူ့ရဲ့စိတ်ထဲ
ညို့ရိုင်းသွင်ဟာ ရွံစရာကောင်ဆိုသည်မှာပို၍ထင်ရှားပေါ်လွင်လာသည်။

ဘယ်လိုပဲမိမိအပေါ်တော့ကောင်းနေတယ်ဆိုဦးတော့ ဒီလိုဖမ်းဆီးထားချင်းဟာဥပဒေနှင့်လည်းမညီပေ။

ယခုတွင်သူ၏အားကိုးရာမဟုတ်သောလည်း အားဖြစ်ရာမှာ ပျိုမေစံ ..သာ။

ခလောက်~(တံခါးဖွင့်သံ)

တံခါးဖွင့်သံနှင့်အတူ ရလိုက်သည်က
အရက်နံ့ပြင်းပြင်း၊ အခန်းထဲသို့ဒယိမ်းဒယိုင်ဝင်လာတာက
ညို့ရိုင်းသွင်။

သူကရီဝေနေတဲ့အကြည့်တွေနှင့်
ချိန်းအားကြည့်လာသည်။

"ချိန်း-မောင့်ချိန်း၊မောင့်ကိုစောင့်နေတာလားဟင်"

Classic Change(ချိန်း)Where stories live. Discover now