Chapter-9(Unicode)

566 30 3
                                    

ဒေါက်~ဒေါက်

"ကျွန်တော်ဝင်လာခဲ့မယ်နော်"

ဝင်လာခဲ့မယ်နော်တဲ့အရင်ကလဲ
သူ့သဘောနဲ့သူဝင်ထွက်နေပြီး
ဝင်လာခဲ့မယ်နော်တဲ့ တစ်ကယ်စိတ်ပျက်စရာကောင်ပဲ။

တံခါးဖွင့်သံနှင့်အတူမြင်ရသည်က
အရင်ဆုံးညို့ရိုင်းသွင်၊သူ့အနောက်မှာ
မိန်းကလေးတစ်ယောက်။

"လာ"

မိန်းကလေးက သနပ်ခါးကိုပါးနှစ်ဖက်တွင်ညီနေအောင် ပါးကွက် ကွက်ထားသည် ။

ပုံစံကြည့်ရသည်မှာယဥ်ကျေးသော
မိန်းမငယ်လေးတစ်ယောက်ပင်
သို့သော ညို့ရိုင်းသွင်ကိုကြောက်နေသလို။

"ဦးချိန်း....သူကပျိုမေစံ၊ဦးချိန်းအတွက်အဖော်"

အဖော် ဒီမိန်းကလေးကိုငါ့အတွက်
အဖော်ဆိုပြီးပြောနေတာလား
ရူးများနေတာလား။

"ယောက်ျားလေးမဟုတ်ဘူးလား၊မင်းဟာက မိန်းကလေးဆိုတော့ငါနဲ့"

"ဘာမှမဖြစ်ဘူး၊သူကဦးချိန်းရဲ့ဘေးအခန်းမှာရှိလိမ့်မယ် ခိုင်းစရာရှိရင်
ဖုန်းဆက်လိုက် သူ့အခန်းထဲ
ကြိုးဖုန်းတစ်လုံးထည့်ပေးထားတယ်"

"အော်..ကောင်းပြီလေ"

ညို့ရိုင်းသွင်ကပြောပြီးသည်နှင့်အခန်း
ထဲကို မျက်လုံးဝှေ့ကြည့်သည်။

"သွားတော့မယ်"

"အေး.."

သူအားတစ်ခွန်းသာပြန်ပြောပြီးနောက်
ငြိမ်နေသော မိန်းကလေးအား

"မင်္ဂလာပါ၊မင်းအသက်ဘယ်လောက်လဲ"

"......"

"​မေးမနေနဲ့၊သူစကားမပြောတက်ဘူး"

"ဟမ်"

အပြင်သို့ထွက်ခါနီး ညို့ရိုင်းသွင်က
လှည့်ပြောလိုက်ချင်းပေ။

မိန်းကလေးကခေါင်းလေးငုံ့နေရှာသည်။

ဒီလိုဆိုချိန်းအတွက်သူကအကူညီ
ဘယ်ဖြစ်တော့မှာလဲ။

"ဟုတ်တယ်လေ၊ပြောဖို့မေ့နေသေးတယ် အခန်းရဲ့psကိုဖြုတ်လိုက်ပြီ၊
ဦးချိန်း အိမ်ထဲမှာသွားချင်တဲ့နေရာသွားလို့ရတယ် အပြင်တော့ကျွန်တော်နဲ့အတူတူမှထွက်ပေါ့"

Classic Change(ချိန်း)Where stories live. Discover now