Chapter-13(Unicode)

805 29 20
                                    

အချစ်ဆိုတာ နူးညံ့ချင်းရဲ့အစတဲ့
ချိန်းလို 40ကျော် လူကြီးတစ်ယောက်ကကိုယ့်ထက်အသက်အများကြီး
ငယ်တဲ့ ကလေးမ ကို လွမ်းနေလိမ့်မယ်လို့ မတွေးထားမိဘူး။

အခုတော့ ပျိုမေစံ၊ စကားမပြောတက်ပဲ သနားစရာကောင်းလွန်းတဲ့
ပျို့ကို ချိန်း သတိတွေရနေတယ်လို့ပြောရင် လွန်နေမလား။

ညို့ရိုင်းသွင်ရဲ့ အိမ်မှာကျန်ခဲ့တာမို့
မိန်းကလေး ဘာဖြစ်နေမလဲ။
တွေးကြည့်ရင်း ကိုယ်တိုင် သူမကို
ပြေးတွေ့ရင်း အိမ်မှာခေါ်ယူစောင့်ရှောက်ထားချင်နေမိတယ်။

"မောင်၊ခရီးကပြန်လာပြီးတဲ့နောက်ပိုင်း၊ မှိုင်းနေသလိုပဲနော် နေမကောင်းဘူးလား "

ခြံထဲတွင် ထိုင်ရင်း တွေးတောနေတဲ့
ချိန်းအား အနောက်မှ ခင်ကအသံပေးလိုက်ချင်းပင်။

"ခင်...ဒီမှာလာထိုင်ပါအုံး၊မောင်မေးစရာတွေရှိနေတယ်"

"ကောင်းပြီမောင်"

ခင်က ချိန်းရဲ့မျက်မှာချင်းဆိုင်ခုံလေး
မှာဝင်ထိုင်လာလေသည်။

"ခင်...မင်းအမျိုးသားကိုစချစ်မိလာခဲ့တုန်းကဘယ်လိုခံစားချက်တွေဝင်လဲဟင်"

ချိန်း၏အမေးကြောင့်ခင်က ချိန်းကို
အကဲခတ်ကြည့်လာလေသည်။

"ဘာတဲ့လဲမောင်၊ချစ်မိချင်နေပြီလား"

"မောင်မေးတာကိုပဲအရင်ဖြေပါအုံး"

ခင်ကတစ်ချက်ပြုံးလိုက်ပြီးနောက်

"အချစ်လေမောင်ရဲ့၊ကိုယ်တိုင်တောင်
သတိမထားမိလိုက်ပဲ ဖြစ်ပေါ်လာတဲ့အချစ်ပေါ့မောင်ရယ်၊သူ့ကို ကိုယ်ချစ်မိနေပြီဆိုတာဘယ်လိုသတိထားမိလာလဲပေါ့....သူ့စကားတစ်ခွန်းလေးကတောင်ခင့်ကိုရင်တွေခုန်နေစေတာမောင်၊
သူ့ဂရုစိုက်မူလေးတွေကို ခင်တောင်းတလာတယ်၊မောင်ရယ်ချစ်မိတဲ့အကြောင်းပြောရရင် ပြောကုန်ပါ့မလား"

"အဲ့လောက်တောင်လား"

ခင်ပြောသည့်အတိုင်း ပျို့အပေါ်သူမခံစားရပေ။ ဒါဆို ဒါကအချစ်မဟုတ်ဘူးပေါ့ အခုသူကဘယ်သူ့ကိုလွမ်းနေတာလဲ။ညို့ရိုင်းသွင် ကိုလား...

Classic Change(ချိန်း)Where stories live. Discover now