ယနေ့တွင်တော့ ချိန်း အလုပ်မသွားပဲ
အိမ်တွင်သာနေခဲ့လေသည်။မနက်က မင်းမြတ်မောင်နဲ့ခင်နန်းဆွေ
ရဲ့ မင်္ဂလာကိစ္စအတွက် ဆွေးနွေးနေရသည်မှာ နေ့လယ်ပင်ရောက်သွားသောလည်းစိတ်တိုင်းမကျသေး။အကြောင်းမှာ မိမိသည်လူသိများသည့်
လုပ်ငန်းရှင်တစ်ဦးဖြစ်သည့်အပြင်
အသက်သည်လည်းဆယ်ကျော်သက်လေးမဟုတ်သဖြင့် အိမ်ထောင်ကွဲသည်
ဟူသောသတင်းအား မလွှင့်ချင်ပေဟု
မင်းမြတ်မောင် ကပြောလာလေသည်။သူက ချိန်းကိုယုံသလို သူ၏ကျေးဇူးရှင်ဟုသတ်မှတ်ထားသည်ဟုလည်းဆိုလေသည်။
အခုတော့ သူတို့နှစ်ယောက်အား
အိမ်တွေခေါ်ထားပြီး ကွာရှင်းသည့်
အကြောင်းအားသတင်းစာထဲသို့
ထည့်မည်ကို အချိန်ခနရပ်ဆိုင်းထားရလေသည်။သူတို့အတွက်ကြောင့် နာမည်မပျက်စေချင်ဘူးဟုဆိုသည်။
ဒါကလည်းဟုတ်သည် မိမိအရွယ်ကြီး
နှင့် အိမ်ထောင်ကွဲဟူသည် သတင်းသာ
အားလုံးကသိသွားပါလျှင်
ဘယ်လိုတွေပြောကြမလဲ။ချိန်းကြိုးမင်းက ပတ်ဝန်းကျင်ကိုကြောက်သည်။ယခုအချိန်ထိလည်း
ပတ်ဝန်းကျင်၏ကဲ့ရဲ့မူထပ်ရရှိမှာကို
ကြောက်နေမိတုန်း။ ငယ်ငယ်က
မိဘများသည် အိမ်ထောင်ကွဲဟူသော
ဂုဏ်အားလွယ်လွယ်ခံယူခဲ့သော
ကြောင့် သူတို့ညီအကို က အားလုံး၏
ပြောဆိုလှောင်ပြောင်ခြင်းကိုခံခဲ့ရသည်မှာ အိပ်မက်ဆိုးတစ်ခုလိုဖြစ်နေခဲ့သည်။ အရင်ကထဲက ပတ်ဝန်းကျင်အားအလွန်ဂရုစိုက်တက်သောသူက
ထိုကိစ္စကြီးဖြစ်သွားသည့် နေ့မှစ၍
ပိုလို့ပင် ကြောက်ရွံ့တက်လာလေသည်။တီ~တီ(ဖုန်းလာသံ)
အတွေးများကိုရပ်ရင်း စားပွဲခုံပေါ်တွင်တင်ထားသော ဖုန်းအားကြည့်လိုက်တော့ ခေါ်နေသူမှာ ထိုကောင်လေး။
ဖုန်းအားကိုင်ဖို့ပင် သူမဝံ့ရဲစွာဖြစ်နေပါသောလည်း ထိုကလေး၏ ခဏတာ
စိတ်ကစားမူပါဟု ဖြည့်တွေးလိုက်ပြီး
ဖုန်းကိုကိုင်လိုက်မိသည်။"ဟယ်လို"
"........."
တစ်ဖက်မှ ဘာမျှမပြောပေ။
သို့သော်အသက်ရှုသံပြင်းပြင်းအားကြားနေရလေသည် ။
YOU ARE READING
Classic Change(ချိန်း)
Romanceချိန်းကြိုးမင်း+ညို့ရိုင်းသွင် Changeကိုပြောင်းလဲမူဆိုတာထက် ချိန်းလို့ပဲ ယူဆ ဖော်ပြထားတာပါ။