Chapter-4(Unicode)

869 64 4
                                    

အိမ်အပြန်လမ်းလေးသည် တိတ်ဆိတ်စွာ၊ကားထဲရှိလူနှစ်ယောက်မှာလဲအတွေးကိုယ်စီဖြင့်သာ။

ညို့ရိုင်းသွင် သည် ဘေးရှိငိုထားသောကြောင့် ရဲနေသောမျက်လုံးလေးမှာ
အစ်ထွက်နေသောကြောင့် အလွန်ကို
အသဲယားစရာကောင်းလွန်းသော
ချစ်ရသူအားခိုးကြည့်ရင်းသက်ပျင်းများသာချနေမိသည်။

သို့သော်လဲဒီတိုင်းတစ်လမ်းလုံးတိတ်ဆိတ်စွာနေရန်သူ့တွင်ဆန္နမရှိပါ။

"ဦးချိန်း အသက်ဘယ်လောက်လဲ"

ရုတ်တရပ် တိတ်စိတ်နေသောလေထုအားဖြိုခွင်းလိုက်သော ညို့ရိုင်းသွင်၏
စကားကြောင့် ချိန်းကြိုးမင်း၏
အတွေးများအားစုစည်းရင်း။

"မသိဘူးလား၊42နှစ်ရှိပြီ အဲ့တာကြောင့်
ငါ့ကိုရိုရိုသေသေဆက်ဆံပါငါမင်းထက်အသက်အများကြီးကြီးတယ်"

ရုပ်တည်လေးနှင့်ပြောနေသောလည်း
ငိုထားသဖြင့် နှာသံလေးထွက်နေသော
သူ့လူကြီးအား မစပဲမနေနိုင်တော့ပေ။

"အော်..ခြောက်နှစ်လား"

သူသည်လည်း ခပ်တည်တည်ဖြင့်သာပြန်၍ပြောလိုက်သောအခါ မျက်လုံးထောင့်မှ သူ့ဘက်ခေါင်းစောင်းလာသောသူ့လူကြီးအားမြင်လိုက်ရလေသည်။

တစ်ချက်ပြုံးလိုက်ပြီးနောက် ပြန်လည်တည်လိုက်ကာ မသိချင်ယောင်ဆောင်လိုက်မိတော့ ဘေးမှစကားသံထွက်လာခြင်းမရှိပါချေ။

တစ်ကယ်ဆိုလျှင်မင်းနားကြားမှားနေတာလားဆိုပြီးပြန်ရန်တွေ့သင့်တာမဟုတ်ပါလား။

ထို့ကြောင့် ကားအားအရှိန်လျော့ကာမောင်းနေရင်းဘေးလို့လှည့်ကြည့်လိုက်မိသည်။ ပုံမှန်သူငယ်ချင်းများနှင့်အတူကားစီးရင်ဒီလိုအရှိန်လျှော့ပြီးစကားပြောဖိုဆိုသည်မှာဝေးစွ။
ယခုတွင်တော့ သူ့အသဲအသက်ကလေးကဘေးမှာရှိနေသည်လေ။

လှည့်ကြည့်လိုက်လျှင် သူ့အားပါးစပ်လေးအဟောင်းသားဖြင့် ပြူးကြည့်နေသော ဦးချိန်း။

"ဒါကဘာဖြစ်နေတာလဲ"

မေးလိုက်လျှင်တောင် ထိုအတိုင်းပြူးပြူးလေးကြည့်နေသည်မှာခုနကသူပြောလိုက်သည့်အတိုင်း၆နှစ်သား
ကလေးပေါက်စနှယ်။

Classic Change(ချိန်း)Where stories live. Discover now