" အသည်းစွဲချစ်တဲ့ ကိုကိုမို့လည်း ဒီလိုဆိုးမိတာပါ။... နှလုံးသားလှတဲ့ ကိုကိုမို့လည်း ဒီလိုနွဲ့လိုက်မိတာ။...
ခွင့်လွှတ်နော် ကိုကို စိတ်မပျက်နဲ့နော် ကလေး~ဆိုးလေးလို စိတ်ကောက်တာ ကိုကို ရင်နာစေအောင် ထိခိုက်မိအောင် ဝေဒနာရည်ရွယ်ချက်မျိုး မထားရက်ခဲ့ပါ။... "Rehearsal နေ့ဖြစ်တာကြောင့် ပွဲစင်ပေါ်တက်ကာ မနက်ဖြန်တကယ့်ပွဲကြီးအတွက် ကြိုတင်လေ့ကျင့်နေကြတာဖြစ်သည်။စင်ပေါ်က ကျောင်းသူလေးတွေနဲ့ သီချင်းနှင့်အပြိုင် မူပိုဟန်လေးတွေဖြင့် ကပြဖျော်ဖြေနေကြပေမဲ့ မင်းထင်ရဲ့အာရုံကတော့ သူတို့ဆီမှာရှိမနေပေ။ ကိုကို ဆိုသည့်သီချင်းစာသားနေရာရောက်တိုင်း Presenterအဖြစ်ပွဲစင်ဘေးရပ်နေရာမှ မင်းထင်ရှိရာဘက်ဆီကိုလှမ်းကြည့်ပြီး စနောက်ဟန်ဖြင့်နှုတ်ခမ်းလှုပ်ဆိုနေသည့် ပိုင်မြတ်ဘုန်းသော်ကြောင့်ပင်။
ဖျော်ဖြေရေးကဏ္ဍ နှင့် အခြားတစ်နှစ်ပတ်လုံး ဆုတံဆိပ်မျိုးစုံရရှိထားသည့်ကျောင်းသူကျောင်းသားတို့အား ဆုချီးမြှင့်ပေးရမှာတွေကြောင့် စုံညီပွဲတော်က ခန့်မှန်းချေ ဆယ်နာရီခန့်ပင်ကြာမြင့်နိုင်မည် ဟုထင်ရသည်။ အစီအစဉ်တင်ဆက်သူတွေကိုလည်း သုံးနာရီစီတစ်တွဲနှင့် သုံးတွဲလုပ်ထားရာ ပိုင်မြတ်ဘုန်းသော်ကတော့ ပထမသုံးနာရီအတွက် တာဝန်ကျလေသည်။သီချင်းနာမည်နဲ့ ကပြဖျော်ဖြေမည့်ကျောင်းသူကျောင်းသားတွေကို စင်အလယ်မှာရပ်ကာ မိတ်ဆက်ပေးပြီး စတင်ကပြကြပြီဆိုတာနဲ့ တင်ဆက်သူတွေက စင်ရဲ့ဘေးဘက်ထောင့်နားကိုရွေ့ကြရသည်။
မနက်ဖြန် သဘာပတိလူကြီးမင်းတွေထိုင်ဖို့အတွက်ခင်းကျင်းပေးထားသည့် ရှေ့ခုံတန်းတွင် မင်းထင်ခဏဝင်ထိုင်လိုက်ရင်း စင်ထောင့်စွန်းကနေ micကိုင်ထားပြီး မျက်နှာအငြိမ်မနေသည့်ကောင်လေးကို ခပ်တင်းတင်းပြန်ကြည့်ပေးလိုက်သည်။ ထိုအခါမှသာ ပြုံးစိစိဖြင့်မျက်နှာပိုးသတ်သွားသော်ငြား အချစ်သီချင်းတွေရဲ့ အချို့စာသားနေရာတွေရောက်တိုင်း အကြည့်ရွှန်းရွှန်းများဖြင့် မင်းထင်ကိုကြည့်နေပြန်သည်။
" လစ်တော့ ဘရို မျက်လုံးလည်းစင်ပေါ်ကနေကျွတ်ကျသွားဦးမယ် မနက်ဖြန်ပွဲနေ့တော့ ဒီလိုမလုပ်ပါနဲ့ကွာ "
YOU ARE READING
Bloody Rose & Red Wine
FantasyDominant Alpha & Enigma Both Zawgyi & Unicode are available.