Part-11

70 10 3
                                    

ဒေါက်! ဒေါက်!

တံခါးနှစ်ချက်ခေါက်သံအဆုံးမှာ အထဲက Professorကြီး ဦးအောင်သိန်း၏အသံကိုကြားလိုက်ရသည်။

" ဝင်ခဲ့ပါ "

စကားအတိုင်းတံခါးဖွင့်ကာ ဝင်သွားလိုက်တော့ ဆုံလည်ခုံအပေါ်ထိုင်ရင်း စာရွက်စာတမ်းတွေနဲ့အလုပ်များနေရာမှ မော့ကြည့်လာသည်။

" မင်းထင်လား အတော်ပဲ​လျောက်လွှာဖောင်က ခဏနေတင်ရတော့မှာနဲ့ ပညာရေးဌာနက တောင်းနေတာ "

" ဟုတ်ကဲ့ဆရာ ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ လာခဲ့တာပါ။ "

" အေး အချိန်ရတယ်မလား။ ပြောဖို့ကနည်းနည်းအချိန်ယူရမယ်ထင်တယ် "

" ဟုတ် ရပါတယ်ဆရာ "

ဆရာ့ရဲ့စာကြည့်စားပွဲခုံဘေးရှိ မလှမ်းမကမ်းဧည့်ခုံနေရာတွေထဲက တစ်ခုံမှာဝင်ထိုင်လိုက်ပြီး ဆရာပြောလာမှာကို စောင့်နေလိုက်သည်။ ဆရာကလည်း မင်းထင်နဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ပြီး ခဏကြာတော့ မေးလာသည်။

" မင်းထင် ဒီနှစ်ပြီးရင် ဘွဲ့ယူပြီးကျောင်းနားတော့မှာလား။ "

လွန်ခဲ့တဲ့ရက်တွေကမှ ဒီအကြောင်းစဉ်းစားပြီး ဆုံးဖြတ်ချက်ချထားတာမို့ ဆရာ့ရဲ့အမေးကို သေချာပြန်ဖြေလိုက်သည်။

" မနားသေးပါဘူး ဆရာ။ ကျွန်တော်က ဘွဲ့မြန်မြန်ယူပြီး အလုပ်ဝင်ဖို့လည်းမလိုသေးတော့ မဟာဘွဲ့လောက်အထိ ယူမယ်လို့တွေးထားပါတယ်။ "

" အဲ့ဒါ ကောင်းတယ်။ ကောင်းတယ် "

ဆရာကလည်း မင်းထင်စကားကိုကြားကြားချင်းဝမ်းသာသွားသည့်ပုံပင်။ ခေါင်းတညိတ်ညိတ်လုပ်ကာ သူ့စာကြည့်စားပွဲပေါ်မှ နှစ်မျက်နှာပါစာရွက်ဖြူတစ်ရွက်ကို မင်းထင်ရှေ့ယူပြလာသည်။ ဖတ်ကြည့်လိုက်ပါ ဟူသော သဘောဖြင့်မေးဆတ်ပြလာတာကြောင့် မင်းထင် ထိုစာရွက်ကိုယူကာ ဖတ်လိုက်သည်။နှစ်မျက်နှာလုံးဖတ်ပြီးချိန်မှာတော့ မင်းထင်သဘောပေါက်သွားသည်ကား ဤစာရွက်တွင်ပါရှိသည့်အကြောင်းအရာများမှာ နိုင်ငံရဲ့ပညာရေးဌာနမှ သုံးနှစ်တစ်ကြိမ်ပေးတတ်သည့် Scholarshipအကြောင်းပင်ဖြစ်သည်။

Bloody Rose & Red WineWhere stories live. Discover now