Part-28

54 10 2
                                    

နေအိမ်အကျယ်ချုပ်ကျနေသည့် ကာလအတွင်း မင်းထင်မော်ကွန်းက ပြည့်ပြည့်ဝဝအနားယူကာ သက်သောင့်သက်သာပင် နေသည်။ စားချင်တာတစ်ခုခုရှိလျင် အိမ်အကူအဒေါ်ကြီးတွေကိုပြောလို့ရသလို လုပ်ချင်တာတစ်ခုခုရှိလျင်လည်း ပိုင်မြတ်ဘုန်းသော်ကို သွားအသိပေးရသည်။ ပိုင်မြတ်ဘုန်းသော်ကလည်း တစ်ခါတစ်လေ နေရာတစ်ခုကနေ ရှုတည်တည်ဖြင့် ကြည့်နေတတ်သော်ငြား အိမ်မှာချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုမဖောက်ဖျက်သေးသရွေ့ မင်းထင်မော်ကွန်း ဘာပဲလုပ်လုပ် ခွင့်ပြုပေးထားသည်။

ဆယ်ရက်နီးပါးရှိလာပြီဖြစ်တာကြောင့် မင်းထင်ရဲ့ခြေထောက်ဒဏ်ရာကလည်း အတော်လေးသက်သာလာပြီ ဟုပြောလို့ရသည်။ ဒီအိမ်မှာရှိသမျှ နေရာထိုင်ခင်းတွေတိုင်းက နူးညံ့ထွေးအိတဲ့အထိအတွေ့ကို ပေးပြီး နွေးနွေးထွေးထွေးဖြင့် လူကို နေရထိုင်ရ သင့်တင့်ကောင်းမွန်စေသည်။ ထိုအကြောင်းတွေကို ပြန်တွေးကြည့်မိတော့လည်း ပိုင်မြတ်ဘုန်းသော်က မင်းထင်ကို ဒီအနေအထားမျိုးနဲ့ နေလို့ရအောင် အများကြီးအားစိုက်ကာ စီစဉ်ပေးထားမှန်းပါ အသေအချာ သိနိုင်ပေသည်။

နိုင်ငံနဲ့ချီအောင် အဓိကပြစ်မှုကြီးတွေကိုပဲ လုပ်ထားမိတဲ့မင်းထင်က အကျဉ်းခန်းထဲ နှိပ်စက်မခံရတာနှင့်ပင် တော်သေးသည်ပြောရမည်။ မှောင်မိုက်အေးစက်ကာ မသန့်ရှင်းသည့်အပြင် အခြားနိမ့်ကျတဲ့အခြေအနေအမျိုးမျိုးရှိတဲ့ အကျဉ်းခန်းတွေထဲမှာ နေရမဲ့အစား ရိုးရှင်းလှပသည့်နှစ်ထပ်တိုက်လေးထဲ ရေမီးအစုံဖြင့် သက်သောင့်သက်သာ ထားပေးထားသည်။ မင်းထင်အဖြစ်က ဆင်ဖြူတော်မှီပြီးကြံစုပ်နေသလိုပင်။ ပိုင်မြတ်ဘုန်းသော်က မင်းထင်အပေါ် အပြောသာအနည်းငယ်ဆိုးတာ ဖြစ်သည်။

တကယ်တမ်းမှာတော့ မင်းထင်ကို ဟိုးယခင်ကတည်းကနေ အခုချိန်အထိ တကြည့်ကြည့်လုပ်နေဆဲဖြစ်ကာ လိုအပ်လာမည့်အရာရာတိုင်းကိုလည်း အသင့်အနေအထားဖြင့် မင်းထင်ကိုမသိစေဘဲ ကြိုတင်စီစဉ်ပေးထားမည့်သူမျိုး ပင်။မင်းထင်ရဲ့နှလုံးသားက တစ်ခဏမျှနွေးထွေးသွားကာ မျက်ဝန်းတွေထဲမှာလည်း နူးညံ့သည့်အရိပ်အယောင်များဖြင့် ရစ်ဝဲနေသည်။ မေတ္တာရေလမ်းမှာ ချိုမြိန်မှုတွေပျော်ဝင်နေသလိုမျိုး ပိုင်မြတ်ဘုန်းသော်ရဲ့ ပြုမူလုပ်ဆောင်ချက်တိုင်းက မင်းထင်အတွက် အကြင်နာတွေကို တိုးပွားစေသည်။...

Bloody Rose & Red WineWhere stories live. Discover now