အဖွဲ့အစည်းတစ်ခုလုံးကိုချုပ်ကိုင်ကာ ဦးစီးဦးဆောင်လုပ်ပေးမည့် ခေါင်းဆောင်ပျောက်ဆုံးနေသော်ငြား Rosa śangreကတော့ အရင်တုန်းကအတိုင်း တည်ငြိမ်မြဲ တည်ငြိမ်နေဆဲဖြစ်သည်။ စီးပွားရေးလုပ်ငန်းတွေကိုလည်း မင်းထင်ရှိစဉ်တုန်းကအတိုင်း ဂိုဏ်းက တပည့်ရင်းတွေက ကြီးကြပ်ပေးနေကြသလို မင်းထင်ကို ပြန်ခေါ်နိုင်ဖို့အတွက်လည်း အသေအချာအစီအစဉ်ဆွဲနေကြသည်။
ဦးအိမ်ဒွန်းကိုယ်တိုင်ကလည်း ယာယီခေါင်းဆောင်ဖြစ်သော်ငြား စာချုပ်တစ်ချို့တစ်လေကို ကိုယ်စားလက်မှတ်ထိုးပေးရုံမှအပ ဘာမှလုပ်စရာမလိုပေ။ သူ့အလုပ်နဲ့သူ မူမပျက် ဆက်လက်လည်ပတ်နေဆဲဖြစ်တဲ့ Rosa śangreကိုကြည့်ရင်း မင်းထင်ကို အမှန်တကယ်ပင် ချီးကျူးမိသည်။ မင်းထင်မဟုတ်ဘဲ သူသာ ဆက်အုပ်ချုပ်နေတုန်းဆိုရင် ဒီအခြေအနေမှာ Rosa śangre အဖွဲ့အစည်းတစ်ခုလုံးလည်း ကွဲပြဲသွားတာ ကြာလောက်နေပြီ။..
" ခေါင်းဆောင်ကြီး.. ကျွန်တော်တို့တွေ အားလုံးပေါင်းပြီး မူကြမ်းအနေနဲ့ အတည်ပြုရေးဆွဲထားတဲ့ Mission planတွေကို လာကြည့်ပေးပါဦး။
" သြော်.. အေးအေး ဟုတ်ပြီ။ "
ဂိုဏ်းသားတစ်ယောက်က လာခေါ်တာကြောင့် ဦးအိမ်ဒွန်း ချက်ချင်းပင် နောက်ကလိုက်သွား လိုက်သည်။ ဂိုဏ်းရဲ့လေ့ကျင့်စခန်းတွေ နဲ့နည်းဗျူဟာချမှတ်ရေး အခန်းတွေက မင်းထင်မော်ကွန်း လက်ထက်မှာမှ တည်ဆောက်ပေးထားတာတွေပင်။ ဦးအိမ်ဒွန်းရောက်သွားတော့ နည်းဗျူဟာခန်းမတစ်ခုလုံးရှိ လူတွေက စားပွဲခုံရှည်ကြီးမှာ အပြည့်ခင်းကျင်းထားသည့် သုံးဖက်မြင် မြို့ပြမြေပုံကြီးဆီကို အကြည့်ရောက်နေကြသည်။
မြို့တော်ကြီးတစ်ခုလုံးကို 3D ပုံစံဖြင့်မြင်ရအောင် ပြုလုပ်ထားခြင်းဖြစ်ကာ လှုပ်ရှားသက်ဝင်နေတဲ့ ပုံရိပ်ခပ်ဝါးဝါးတွေထဲ လမ်းပေါ် ဖြတ်သန်းမောင်းနှင်နေသည့်ကားတွေအထိပါ မြင်နေရသည်။ ဦးအိမ်ဒွန်းဝင်လာတာကို အခန်းထဲက လူတွေလည်း သတိထားမိကြဟန်တူသည်။ အားလုံးလှည့်ကြည့်လိုက်ကြပြီး ကာကွယ်ရေးခေါင်းဆောင်က အရင်ဆုံး ဦးအိမ်ဒွန်းရဲ့အနားကို လျှောက်လှမ်းသွားလိုက်သည်။
YOU ARE READING
Bloody Rose & Red Wine
FantasyDominant Alpha & Enigma Both Zawgyi & Unicode are available.