Part-15

110 8 0
                                    

မှောက်မိုက်ကာ ဝိုးတဝါးမြင်ရတဲ့လရောင်ရဲ့လွှမ်းခြုံမှုက မြို့ရှောင်လမ်းတစ်ခုအပေါ်ကျရောက်နေသည်။ တိတ်ဆိတ်နေတဲ့ညသန်းခေါင်ယံအချိန်မှာ တစ်မြို့လုံးရဲ့လှုပ်ရှားမှုတွေကလည်း ငြိမ်သက်နေပြီး အင်းစက်အချို့အသံသာ တစ်ချက်တစ်ချက်ကြားနေရသည်။ ပတ်ဝန်းကျင်က အလုံးစုံငြိမ်သက်အနားယူနေကြသော်ငြား မြို့ရှောင်လမ်းပေါ်မှာတော့ ပိုင်ရှင်မဲ့ပစ္စည်းတွေကို သယ်ဆောင်လာကြတဲ့ကားတွေက တစ်စီးချင်းစီ ဆက်တိုက်အရှိန်ဖြင့် ဖြတ်မောင်းနေကြသည်။

" ကောင်စစ်ဝန်ရုံးဘက်ကိုရော အကြောင်းကြားပြီးပြီလား "

ကားနောက်ခန်းမှာထိုင်နေတဲ့ စစ်ဆေးရေးမှူးက သူ့ရဲ့အဖွဲ့ဝင်တွေကို လှမ်းမေးလာသည်။

" ဟုတ်ကဲ့ ဆရာ။ လမ်းမှာ တိုးဂိတ်သုံးခုတော့ ဖြတ်ရမယ်ပြောပါတယ်။ ဒီလိုအချိန်ဆိုတော့ လုံခြုံရေးအရ စစ်ရမှာမို့ပါတဲ့ "

" ငါတို့ဘက်က အထောက်အထားတွေ နဲ့ အခြားစာတမ်းလွှာတွေပါတယ်မလား "

" ဟုတ်ကဲ့ ပါ ပါတယ်။ ဆရာ ကားအရေအတွက်က လေးစီးဖြစ်တဲ့အကြောင်းပါ ပြောထားပါတယ် "

" အင်း ဟုတ်ပြီ။ ကောင်စစ်ဝန်ရုံးဘက် ရောက်ပြီဆိုရင်တော့ ငါတို့တာဝန်ပြီးပါပြီ "

စစ်ဆေးရေးမှူးက အနောက်က အလုံပိတ်ခန်းထဲကို လှမ်းကြည့်ပြီး သူ့ဘာသာပြောလာသည်။

" ဒီအချိန်ကြီးသွားရတာ သိပ်တော့မကောင်းဘူး။ ဒါပေမဲ့ အစိုးရပိုင်းကတာဝန်ယူထားတဲ့ပစ္စည်းတွေဆိုတော့ လူတွေသတိထားမိလို့မဖြစ်ဘူး။ နေ့ဘက်မှာဆိုတစ်ခုခုဖြစ်ရင် ပိုဒုက္ခများတယ်။ အဲ့တာကြောင့် ညဘက်ကိုပဲ ရွေးရတာ "

" တစ်ခုခုဖြစ်တယ် ဆိုတာက ဘာလဲ။ ဆရာ "

အရှေ့ခုံဘယ်ဘက်မှာ ထိုင်နေတဲ့တပည့်ဖြစ်သူက မေးလာတာကြောင့် ကားမောင်းနေတဲ့တစ်ယောက်ပါ သိလိုဟန်ဖြင့် ခေါင်းအနည်းငယ်စောင်းငဲ့လာသည်။ စစ်ဆေးရေးမှူးကလည်း ပြန်ဖြေရန်အလုပ်မှာပဲ အဖြူရောင်ယူနီဖောင်းဝတ် တာဝန်ကျရဲဝန်ထမ်းတစ်ဦး လက်လှမ်းတားနေသည်ကို တွေ့လိုက်ရသည်။

Bloody Rose & Red WineWhere stories live. Discover now