တမဟုတ်ချင်း မင်းထင်ရဲ့မျက်ဝန်းတွေ အဝိုင်းသားဖြစ်သွားပြီး လည်ပင်းကြောတွေလည်း တောင့်တင်းသွားတော့သည်။ အဖေ့မှာ အကြံအစည်တွေအများကြီး ရှိမှန်းသိပေမဲ့ လက်ထပ်ရမည့် ကိစ္စတွေအထိတော့ မင်းထင် ဘယ်တုန်းကမှ မသိခဲ့ဖူးသလို မှန်းလည်းမမှန်းခဲ့ဖူးပါချေ။ ဧကရီသိုက်ညွှန်းအပေါ်ကိုလည်း သာမန်အစ်မတစ်ယောက် လို သဘောထားရုံကလွဲပြီး ဘာခံစားချက်မှမရှိဖူးခဲ့ပေ။ စိတ်ကူးနဲ့တောင် မတွေးခဲ့ဖူးတဲ့ကိစ္စဖြစ်တာကြောင့် မျက်နှာပေါ်က အံ့အားသင့်မှုတွေကိုလည်း ဒီအချိန်မှာ မဖုံးကွယ်နိုင်တော့။
ဘေးနားက ဧကရီသိုက်ညွှန်းကို ကြည့်လိုက်တော့လည်း စိတ်လွင့်နေသည့်ပုံဖြင့်သာ အမူအယာမဲ့ ထိုင်နေသည်။ ကြည့်ရတာ အခုကိစ္စကို ကြိုသိပြီးပုံပေါ်သည်။ သို့ပေမဲ့ သူ(မ)အနေနဲ့လည်း လက်ခံရုံကလွဲပြီး ဘာမှတတ်နိုင်မှာမဟုတ်ချေ။ မင်းထင်တို့ နှစ်ယောက်လုံး အဖေ့အပေါ်ကို ဘယ်တုန်းကမှ မလွန်ဆန်ရဲခဲ့ဖူးပေ။ သိတတ်စအရွယ်ကတည်းက အဖေ့ရဲ့ ကြီးကြပ်ထိန်းမတ်မှုတွေအောက်မှာ နေထိုင်လာခဲ့ကြရတာမို့ သမီးအရင်းလည်းဖြစ်သလို Dominant Omegaလည်း ဖြစ်တဲ့ ဧကရီသိုက်ညွှန်းအနေနဲ့ဆို အဖေ့စကားကို သေးသေးလေးတောင် ခွန်းတုံ့ပြန်ရဲမှာမဟုတ်ပေ။
အစပိုင်းတုန်းကတော့ အဖေရဲ့ အစီအစဉ်တွေကို ရိပ်မိလာသည်နှင့်အညီ မင်းထင် တွေးမိခဲ့သည့်အရာတွေကား မင်းထင်ရဲ့ ပညာရေးမှတ်တမ်းတွေကို ဧကရီသိုက်ညွှန်းရဲ့ကလေးအတွက် ဖြစ်လာစေဖို့ ၊ထိုကလေးရဲ့ အနာဂတ်အတွက် သိုက်ညွှန်းစက်ရွှေမှာ အရာရာအသင့်ဖြစ်နေအောင် ပြင်ဆင်ပေးဖို့ စသည့်အရာတွေသာ ဖြစ်သည်။ သို့ပေမဲ့ ထိုအတွေးတွေထက် ကျော်လွန်ပြီး ခန့်မှန်းမိခဲ့သည့်အခြေအနေတွေလည်း မရှိတာမျိုးတော့ မဟုတ်ပေ။
ဧကရီသိုက်ညွှန်း နဲ့ မင်းထင်ကို လက်ထပ်ပေးပြီး သိုက်ညွှန်းမျိုးဆက်ကို အတင်းရယူစေမလား ဟူသည့် အတွေးမျိုးတွေလည်း တွေးမိဖူးတာကြောင့် မင်းထင်အနေနဲ့ အမျိုးသား သားကြောဖြတ်ဖို့ကိုပင် ကြံစည်ခဲ့ဖူးသေးသည်။ သို့သော် အခြေအနေတွေအရ အခုထက်ထိတော့ မလုပ်ရသေးပေ။ ယခုသာ ဧကရီသိုက်ညွှန်း နှင့်လက်ထပ်ရပါက မင်းထင် ဒီလမ်းကိုပဲ ထပ်ရွေးချယ်ရတော့မည်ထင်သည်။
KAMU SEDANG MEMBACA
Bloody Rose & Red Wine
FantasiDominant Alpha & Enigma Both Zawgyi & Unicode are available.