Part-6

89 13 3
                                    

မင်းထင်မော်ကွန်း လို့ပြောလိုက်တာနဲ့ တစ်ကျောင်းလုံးက ပိုင်မြတ်ဘုန်းသော် နဲ့ တွဲမြင်ကြသလို ပိုင်မြတ်ဘုန်းသော် လို့ပြောလိုက်ရင်လည်း မင်းထင်မော်ကွန်းရဲ့ဘေးမှာ အမြဲတမ်းတွေ့နေရတဲ့ အပြုံးချိုချိုနဲ့ လူငယ်ကောင်လေးကို ပြေးမြင်ကြသည်။ နှစ်ယောက်လုံး Dominant Alpha တွေချည်း ဖြစ်ကြတာကြောင့်သာမဟုတ်ရင် ဝိုင်းတွဲပေးချင်ကြတဲ့သူတွေက ဒုနဲ့ဒေးပင်။

ကျန်တဲ့နယ်ပယ်တွေအကုန်ပြောစရာမရှိသော်ငြား လှုမှုဆက်ဆံရေးမှာတော့ အနုတ်ပြနေသည့်စီနီယာမင်းထင်မော်ကွန်းရဲ့အနားမှာ ဘယ်သူမှကြာကြာမနေနိုင်ကြတာမို့ ပိုင်မြတ်ဘုန်းသော်ဆိုတဲ့ကျောင်းသားသစ်ကိုလည်း ထိုနည်းတူသာ ထင်ခဲ့ကြသည်။ သို့ပေမဲ့ မထင်မှတ်ဘဲ ဒီကျောင်းသားသစ်ကတော့ စီနီယာမင်းထင်ရဲ့တပည့်တဖြစ်လည်း အားလုံးရဲ့အမြင်ကို ရိုက်ချိုးနိုင်ခဲ့သည်။

သူတို့တွေအားလုံးရဲ့အပေါ်မှာတော့ သူ့ပုံစံအတိုင်း မလိုမပိုသာ ဆက်ဆံတတ်တဲ့စီနီယာမင်းထင်ဟာလည်း ထိုကျောင်းသားသစ်နဲ့ဆိုရင်တော့ ထူးထူးခြားခြား လူတွေမမြင်ဖူးကြတဲ့ သူ့ရဲ့စိတ်ခံစားချက်အမျိုးမျိုးရှိတဲ့ဘက်ခြမ်းကို ဖော်ပြတတ်သည်။ စီနီယာမင်းထင်ဘက်ကပဲ ဒီလိုပြောင်းလဲလာတာမျိုးမဟုတ်ပေ။ ထိုကျောင်းသားသစ် ပိုင်မြတ်ဘုန်းသော်ကလည်း အပြုံးချိုချိုလေးနဲ့ မျက်နှာလေးကနှစ်သက်ဖွယ်ကောင်းသလောက် သူ့ရဲ့ပြတ်သားမှုကအံ့အားသင့်စရာပင်။

Law Major Queen နဲ့သူ့ရဲ့ကောလဟာလကို ကျောင်းသားကျောင်းသူတွေအားလုံးစုံတုန်း လုံးဝအားနာမှုမရှိဘဲ ယတိပြတ်ငြင်းချခဲ့လေသည်။ သူ့ဖက်ကငြင်းရင် တစ်ဖက်မိန်းကလေးအတွက်မကောင်းတာမို့ အချိန်ပေးထားပေမဲ့ တစ်ရက်တိုင်တိုင်အချိန်ဆွဲနေခဲ့တာကြောင့် သူကိုယ်တိုင်လာငြင်းရခြင်းဖြစ်ကြောင်းကိုပါ ပြောလိုက်သဖြင့် Queenမမတစ်ယောက်ကတော့ ဆတ်ဆတ်ခါသွားလေသည်။ ပိုင်မြတ်ဘုန်းသော်က ကောလဟာလကိုငြင်းရုံတင်မကဘဲ အပိုထပ်ဆောင်းပါ ပြောခဲ့သေးသည်။

" ကျွန်တော် ဒီကျောင်းက မိန်းကလေးတိုင်းကို ဖြူဖြူစင်စင်မေတ္တာစိတ်ကလွဲရင် ချစ်သူရည်းစားတစ်ယောက်ရဲ့စိတ်မျိုး မထားခဲ့ဖူးပါဘူး။ မဟုတ်မှန်တဲ့ကောလဟာလတွေကြောင့် သူစိတ်ကွက်သွားမှာမလိုလားလို့ပါ။ အားလုံးကို ကျွန်တော် မေတ္တာရပ်ခံပါတယ်။ "

Bloody Rose & Red WineDonde viven las historias. Descúbrelo ahora