Part-30 ( U )

94 9 6
                                    

Warning - This part may contain a lot of sexual content. Read at your own risk !!
-----------------------------------------------------------

မမျှော်လင့်ထားတဲ့ မြင်ကွင်းတစ်ခုဖြစ်တာကြောင့် ပိုင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ထိုနေရာမှာတင် မတ်တပ်ရပ်ကြီး တောင့်ခဲသွားတော့သည်။ ခေါင်းစခြေဆုံး တစ်ကိုယ်လုံးကို ရေခဲရေနဲ့လောင်းချလိုက်သလို အေးစက်သွားကာ မျက်ဝန်းတို့က မွေ့ယာပေါ်မှာ လဲလျောင်းနေသည့် မင်းထင်မော်ကွန်းရဲ့ အပြုအမူတွေကိုသာ ကြည့်နေမိတော့သည်။

အခန်းတစ်ခုလုံးကို အမှောင်အတိထား ထားသော်လည်း ကုတင်ဘေးက ခုံပုလေးပေါ်မှာတင်ထားသည့် မီးအိမ်ငယ်လေးကိုတော့ မြင်ရရုံမျှသာ အလင်းရောင်ဖျဖျလေးထွန်းထားသည်။ ထိုမီးအလင်းရောင်ဖျဖျက မင်းထင်မော်ကွန်းရဲ့ ဝင်းဝါနေသည့် အသားအရည်အပေါ် ကျရောက်ကာ နူးညံ့ကြည်စင်သည့် အသွင်အပြင်ကို ဖြစ်ပေါ်စေသည်။

ပိုင် ဆက်ကြည့်မနေသင့်တော့တာကြောင့် ခပ်သွက်သွက် ကုတင်ဘေးနားကိုသွားလိုက်ကာ ကျွတ်ကျနေသည့် Bathrobeကို မင်းထင်မော်ကွန်းရဲ့ကိုယ်ပေါ် လုံခြုံအောင်ပြန်ဝတ်ပေးလိုက်သည်။ လက်ဖျားထိပ်နဲ့ထိမိသမျှ မင်းထင်မော်ကွန်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတို့ဆီမှ ပူကျစ်ကျစ်ခံစားချက်ကိုရနေသည်။ သူ့ကိုထိန်းကာ Bathrobeဝတ်ပေးနေသည့် ပိုင့်ရဲ့လက်ထဲမှာတင် သက်သောင့်သက်သာမရှိသည့်ဟန်ဖြင့် အနည်းငယ်လူးလွန့်လာပြန်သည်။

ပိုင် ထိုလူရဲ့ နဖူးနဲ့ပါးပြင်တွေကို စမ်းကြည့်မိတော့ အဖျားကြောင့် ပူနေတာမျိုးလည်းဟုတ်ပေ။ Rutကာလအတွင်းမှာ Dominant Alphaတိုင်းလိုလိုက ပိုင်ဆိုင်လိုစိတ်တွေကြီးကာ အန္တာရယ်များသည့် စရိုက်လက္ခဏာတွေရှိကြသော်ငြား မင်းထင်မော်ကွန်းကတော့ သူ့ဘာသာသူတောင် ထနိုင်ရှာပုံမပေါ်ပေ။ အနည်းငယ် အပူရှိန်လျော့ပြီး အေးမြမြလေးဖြစ်သွားအောင် ပိုင် ရေဇလုံတစ်လုံး နဲ့ပုဝါတစ်ထည်ကို ပြေးယူကာ ရေပတ်တိုက်ပေးရန်ပြင်ဆင်လိုက်သည်။

လည်ပင်းတစ်ဝိုက် နဲ့ အပူအောင်းတတ်သည့်နေရာတွေကို ရေပတ်တိုက်ပေးနေရင်း ဒီလူနဲ့ပတ်သက်သည့် အတွေးတို့က ရပ်တန့်၍မရပေ။ မင်းထင်မော်ကွန်းက အရင်က Rutကာလတွေမှာရော ဘယ်လိုဖြတ်သန်းခဲ့တာလဲ။
ဒီလိုပဲ အနားမှာ လူတစ်ယောက်ယောက်က ရှိနေပေးရတာလား။ Rosa śangre အဖွဲ့အစည်းကြီးရဲ့ခေါင်းဆောင်ဆိုတော့ သေချာပေါက် ဒီလူရဲ့အိပ်ရာပေါ်ကို တက်ချင်ကြသည့်မိန်းမတွေ၊ယောက်ျားတွေလည်း ရှိကြမှာပင်။

Bloody Rose & Red WineWhere stories live. Discover now