Part-3

1K 64 16
                                    



"အေးကွ။ ဒီနေ့ ခရီးပန်းနေလို့ မလာဖြစ်တာ။ နောက်နေ့ မင်းတို့ ကောင်တွေဆီ လာခဲ့မယ်။ ခြင်းဝိုင်းမှာ ဆုံကြမယ်"

"....."

"အေးအေး။ ဟိုကောင်တွေကို တွေ့ရင် ပြောပေးစမ်းကွာ။ မင်းတို့ အကုန်လုံးအတွက် လက်ဆောင် ပါတယ်လို့"

"...."

"အေး။ ဒါပဲကွာ။ နောက်နေ့ တွေ့မယ် ငါ့ကောင်တွေ။ ဖုန်းချပြီကွာ"

ဖုန်းကို ချပြီးနောက် အိပ်ရာပေါ် လှဲနေရင်း မျက်နှာကြပ်ကိုသာ မော့ကြည့်နေလိုက်သည်။ သူ့ဘဝဟာ သိပ်ပြီး မထူးခြားသေးမှန်း ရှိန်းဟန် သိနေသည်။

ဝါသနာပါသော ကျောင်းဆရာတော့ ဖြစ်ခွင့် ရခဲ့သည်။ သို့သော် လူငယ်ပီပီ ပျော်ရွှင်ခွင့်လည်း သိပ်မရ။ ပျော်သင့်သလောက် ပျော်ရပေမယ့် တစ်ခါတစ်ရံ မေမေ့ဆန္ဒအတိုင်း လိုက်နေရသည့်အခါ ရှိန်းဟန်တွင် အနည်းနှင့် အများတော့ မွန်းကြပ်စိတ်လေး ဖြစ်ရပါသည်။

"Hello ကိုကို"

နောက်ထပ် ဖုန်းခေါ်လိုက်ပြီးနောက် ဖုန်းထဲက အသံလေးကို ကြားလိုက်ရပါမှ ရှိန်းဟန် ပျော်သွားလေသည်။

"အင်း"

"ကိုကို နေမကောင်းဘူးလား"

"ကောင်းပါတယ်"

"ဒါဆို ဘာလို့လဲဟင်။ ကိုကို့ အသံကြီးက ပျင်းရ်ိပျင်းတွဲနဲ့"

"အင်း။ ကိုယ် အိမ်ထဲ အောင်းနေရလို့ ပျင်းနေတာ"

ရှိန်းဟန်တစ်ယောက် စကားပြန်ပြောရင်း အလိုလို ပြုံးမိပါသည်။ အိမ်ထဲမှာမို့ ပျင်းနေသော်လည်း ချစ်သူနှင့် ဖုန်းပြောနေရ၍ အပျော်စိတ်လေးတော့ ဖြစ်လာရပါသည်။

"ကိုယ့်ကို ချစ်လား ချစ်"

မွန်းကြပ်နေချိန်မှာ အမောပြေစေရန် ထိုသို့ မေးမိခြင်း ဖြစ်လေ၏။ ထို့နောက် ချစ်ပါတယ် ဆိုသော စကားသံလေးကို ကြားရမှ ရှိန်းဟန် ရင်ထဲ မွန်းကြပ်မှုတွေ ပြေပျောက်သွားရလေသည်။


°°°°°°°°°



"တီ တီ"

ညအချိန် ကြားလိုက်ရသော ဖုန်းသံကြောင့် ထိန်လင်း၏ နှလုံးခုန်သံတွေက အလိုလို မြန်ဆန်သွားလေသည်။ ဘယ်သူ့ဖုန်း ဖြစ်လိမ့်မလဲ ဆိုပြီး သူ တွေးကြည့်ရုံဖြင့် ပျော်သွားသည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now