part-8

901 57 7
                                    


နေ့လည် ၁၂ နာရီမှာ နေ့လည် ကျောင်းဆင်းသည်။ ၁ နာရီကျမှ ကျောင်းက ပြန်တက်မည် ဖြစ်သောကြောင့် ထိန်လင်းလည်း အိမ်ကို ပြန်ရန် ပြင်ရလေသည်။ မကြာခင် မိုးရာသီသို့ ရောက်၊ မိုးသည်းထန်စွာ ရွာသော နေ့များ၌ ထမင်းချိုင့် ထုပ်မည်ဟုသာ မျှော်တွေးလိုက်ရလေသည်။

"ဆရာမတို့ ကျွန်တော် ပြန်တော့မယ်နော်"

"ဟုတ်ကဲ့ ဆရာ"

"ကျွန်တော် ရွာထဲ ပြန်မှာ ဘာမှာလိုက်အုံးမလဲ။ ဘာဝယ်ခဲ့ရမလဲ"

"ရပါတယ် ဆရာ။ ဘာမှ ဝယ်မလာပါနဲ့"

"ဟုတ်ကဲ့။ ဒါဆို ကျွန်တော် ပြန်ပြီနော်။ တစ်ခုခု လိုရင် ဖုန်းလှမ်းဆက်ပြီး မှာလိုက်နော်"

"ဟုတ်ကဲ့ ဆရာ"

အိမ်အပြန်မှာ ဘာပစ္စည်းမှ မပါပေ။ ဖုန်းလေး တစ်လုံးနှင့် ပိုက်ဆံ အိတ်လေး တစ်လုံးသာ ပါလေသည်။ မနက်က ကန်တင်းမ်မှာ မုန့်တွေ စားထားသော်လည်း အခုကျ ဗိုက်က ဆာလွန်းနေပါပြီ။ အိမ်မှာ အမဲသားပြုတ်ကြော်လေးနှင့် အရွက်ကြော်လေး ပြင်ဆင်ထားခဲ့သည်။ ဟင်းက ကောင်းသော်လည်း အချဉ်၊ အငန်၊ အစပ်လေး တစ်ခုခု စားချင်လာ၍ အိမ်မပြန်ခင် ကျောင်းမုန့်ဈေးတန်းဘက် ထွက်လာခဲ့သည်။

ထိန်လင်း၏ အတွေးထဲ ဝင်လာသည်က အကြော်သုပ်ပင်။ ကြွပ်ရွနေသော ပဲကြော်ကို အချဉ်ရည်များများ၊ ကြက်သွန်ဖြူ ဆိီချက်၊ ငံပြာရည်၊ ငရုတ်သီးကြော်၊ နံနံပင်၊ သခွားသီး၊ ဂေါ်ဖီ စသည်တို့နှင့် ပဲကျက်မှုန့်ကို စေးစေးလေး သုပ်ထားသောကြောင့် ဘယ်အချိန်စားစား မရိုးအီဘဲ စားကောင်းလွန်းပါသည်။ ဒီနေ့ နေ့ခင်းလည်း မနက်စာကို အကြော်သုပ်လေး ဝယ်ကာ စားချင်သည့် အာသီသလေး ရှိနေသည်။

"သားရေ အကြော်သုပ် တစ်ပွဲနော်။ ပါဆယ်ထုပ်မယ်။ ချဉ်ချဉ်စပ်စပ်လေး"

အသုပ်ဆိုင်လေးအတွင်း ကျောင်းသားများနှင့် အုံလိုက်ကျင်းလိုက် စုပြုံနေသော်လည်း အသံကို ကျယ်ကျယ် လှမ်းပြောကာ ထိန်လင်း မှာလိုက်လေသည်။ လူများသောကြောင့် ကြာမည်ဟု ထင်ထားမိသော်လည်း သိပ်မကြာဘဲ ကျောင်းသားလေး တစ်ယောက်က အကြော်သုပ်ထုပ်ကို ပေးလာသည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now