Part-18

506 41 11
                                    



"ကွန်ပျူတာတွေက ဘာလုပ်တာလဲ"

"ဘာလုပ်ရမှာလဲကွ။ မင်းကလည်း မမြင်ဘူးလား။ သူ့ဘာသာ နေနေတာပေါ့ကွာ"

"ကျွန်တော် မေးတာ အဲ့ဒါ မဟုတ်ဘူး။ ကလေးတွေကို သင်ပေးတာလားလို့ မေးတာ"

"အေး။ ဟုတ်တယ်ကွာ။ ဘာဖြစ်လို့လဲ"

ထိန်လင်း ရေကြည့်ရသလောက် ကွန်ပျူတာက စုစုပေါင်း အလုံး ၃၀ လောက် ရှိလိမ့်မည်။ အခန်းကလည်း စာသင်ခန်းကဲ့သို့ ကျယ်တော့ အထဲတွင် ကွန်ပျူတာတွေကို အသေအချာ စီစီအရင် ခင်းကျင်းထားပြီး ထိုင်ခုံတွေပါ အဆင်သင့် ရှိလေသည်။

"အထဲကို လာလေကွာ။ ကိုယ်က ကိုက်မစားပါဘူးကွ။ မကြောက်ပါနဲ့။ ကွန်ပျူတာတွေက ကျောင်းက ပိုင်တာ။ ၉ တန်း၊ ၁၀ တန်းကို သင်ပေးရတယ်။ အတန်းတိုင်း နှစ်ပတ် တစ်ကြိမ်လောက်တော့ ကွန်ပျူတာချိန် ပါတယ်"

ကွန်ပျူတာတွေဟာ အကုန်လုံး အသစ်တွေ ဖြစ်သည်။ ထိန်လင်းက ငေးကြည့်မပျက်ဘဲ အခန်းထဲ ရောက်လာသည်။

"ဒီမှာ ထိုင်ကွာ"

လက်ညိုးထိုးပြသော ဆိုဖာပေါ်၌ ထိန်လင်း ထိုင်လိုက်သည်။ အိခနဲ ခံစားမှုနှင့်အတူ ထိန်လင်းသည် ဆိုဖာရှေ့မှာ မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေသော ရှိန်းဟန်ကို လှည့်ကြည့်လိုက်သည်။

"ကွန်ပျူတာက ဘယ်သူ သင်တာလဲ။ ခင်ဗျားလား"

"အင်း။ ဟုတ်တယ်။ ကိုယ် သင်တာ"

"ခင်ဗျားက ဘာသာရပ် မသင်ဘူးလား"

"သင်တယ်လေကွာ။ ကိုယ်က ဆယ်တန်း A နဲ့ B ကို chemistry သင်တယ်။ တစ်နေ့ကို နှစ်ချိန်သင်ရတယ်"

"ဪ"

"ကိုယ်က Bio သင်ရတာလည်း ဝါသနာ ပါတယ်။ ဒါပေမဲ့ chemistry သင်ရတာနဲ့ ကွန်ပျူတာချိန် ICT ကိုပါ သင်ရတော့ ကိုယ့်မှာ အချိန်မအားဘူး ဖြစ်သွားတယ်။ အဲ့ဒါကြောင့် မဖြစ်မနေ chemistry နဲ့ ICTကို သင်လိုက်ရတာ"

"ICT ကို စာမေးပွဲမှာ ထည့်မမေးဘူးလေ"

"အင်း။ ဟုတ်တယ်။ ဒါပေမဲ့ ကလေးတွေကို ကွန်ပျူတာ မကျွမ်းကျင်ဘူး ဆိုရင်တောင် အနည်းဆုံး အခြေ‌ခံလောက်တော့ တတ်သွားစေချင်လို့ သင်ပေးတာ"

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now