Part-4

1K 67 4
                                    


ရှိန်းဟန်သည် မေမေ့ကိုသာ မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။ မေမေ့ဆီမှ တစ်စုံတစ်ခုကို အသည်းအသန် ခယနေသလိုမျိုး။ ရှိန်းဟန်သည် မေမေ့ရှေ့ဆိုလျှင် ပျော့ညံ့သည်ထက် ပို၏။

"မေမေ သား ကျောင်းကို ဘယ်လို သွားရမှာလဲ"

အဖြူအစိမ်းကို သပ်ရပ်စွာ ဝတ်ဆင်ထားသော ရှိန်းဟန်သည် သိချင်တာကို မေးလာလေ၏။

"ကိုမြင့်ကို ကားနဲ့ လိုက်ပို့ခိုင်းလိုက်မယ်"

"ဟာ မေမေကလည်း မရပါဘူး။ သားက ကလေးမှ မဟုတ်တော့တာ။ ပြီးတော့ ကျောင်းနဲ့ အိမ်နဲ့က သိပ်မှ မဝေးတာ။ အရင်လို ကားနဲ့တော့ မသွားနိုင်ပါဘူး"

ရှိန်းဟန်သည် အရွယ်နှင့် မလိုက်စွာ ကလေးလေးလို ခေါင်းကိုသာ ရမ်းခါပြစ်မိ၏။

"ဒါဆို သားက ဘာနဲ့ သွားချင်လို့လဲ"

"clickလောက်တော့ မေမေ စီစဉ်ပေးသင့်ပါတယ်"

"သားက ဆိုင်ကယ်နဲ့ သွားချင်တာလား။ မေမေ စိတ်မချပါဘူး သားရယ်။ မနှစ်ကလိုပဲ အိမ်ကနေ ကားနဲ့ အကြိုအပို့ လုပ်ပေးမယ်။ မေမေ့စကားကို နားထောင်နော်"

"မရပါဆို မေမေရာ။ သားက ကလေး မဟုတ်တော့ပါဘူး။ မေမေတို့ ပိုက်ဆံရှိတာကိုလည်း တစ်နယ်လုံး သိပါတယ်။ ပိုက်ဆံ ရှိမှန်း လူတွေ သိအောင် ကားနဲ့ သားကို အကြိုအပို့ လုပ်စရာ မလိုပါဘူး"

ခက်လှချည့်ရဲ့ သားရယ်။ အမေဖြစ်သူ ဒေါ်မူယာရှင်း၏ စိတ်ကို ရှိန်းဟန်ဘယ်လိုမှ နားမလည်ပေ။ ‌အမေ့၏ စကားအတိုင်း အမြဲတမ်း လိုက်နာကျင့်သုံးခဲ့သော သူ့အဖို့ အခြားနယ်ပယ်များတွင်သာ အခြားသူများထက် ထူးချွန်လွန်းနေပေမယ့် အမေနှင့် ပတ်သက်လာလျှင် ငါးနှစ်အရွယ် ကလေးတစ်ယောက်၏ ဉာဏ်ရည်ပဲ ရှိလေသည်။

အခုလည်းပဲ ကားနှင့် လာလာကြိုခိုင်း၊ ကျောင်းသို့ လိုက်ပို့ခိုင်းနေတာက ပိုက်ဆံရှိမှန်းလူတွေ သိအောင် လုပ်ခိုင်းနေတာမှ မဟုတ်တာ။ သားလေးကို စိတ်မချလို့ ... ။ ဟောဒီက သားလေး‌ကို မဖြစ်သင့်တာ မဖြစ်ရအောင် ကြိုတင်ကာကွယ်ချင်၍ အိမ်နှင့် ကျောင်းကို အမြဲအကြိုအပို့ လုပ်နေမှန်း သားလေးသာ သိလျှင် သိပ်ကောင်းမည်။ သို့သော် ဒေါ်မူယာရှင်းအနေဖြင့် အဖြစ်မှန်ကို သားလေးအား ရှင်းမပြချင်ပေ။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now