Part-12

785 62 15
                                    


‌ထိန်လင်းဆီ ရောက်လာသူမှာ ရှိန်းဟန် ဖြစ်သည်။ ကျောင်းသို့ ရောက်ပြီး ဆယ်မိနှစ်ခန့် ကြာသည်နှင့် ကျောင်းဝင်ပေါက်ကို ဖျတ်ခနဲ ကြည့်မိခိုက် ကျောင်းသို့ ရောက်လာသော ထိန်လင်းကို မြင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကလေးတွေ သူ့ဆီ ပြေးသွားတာကို မြင်ခဲ့ရသည်။ စာစသင်သည်က မနေ့ကမှ။ ဘာကြောင့်များ သူ့ကို ကလေးတွေ ချစ်ချစ်ခင်ခင် အပြေးကြိုဆိုကာ နှုတ်ဆက်ကြကြောင်း မြင်လိုက်ရ၍ ထိန်လင်းကို ရှိန်းဟန် ချီးကျူးလိုက်ရသေးသည်။ ‌ကလေးတွေနှင့် စကားပြောရင်း ပြုံးနေသော အပြုံးလေးကို အဝေးကနေ လှမ်းမြင်လိုက်ရချိန်မှာ ရှိန်းဟန်သည် ထိန်လင်းဆီကို သွားချင်လာခဲ့သည်။

ခြေထောက်ကို ဆေးလိမ်းခိုင်းလျှင် နောက် ဘယ်တော့မှ မပတ်သက်ပါဘူးဟု စိတ်ပါလက်ပါ ပေးထားသော ကတိကို ရှိန်းဟန် မေ့သွားခဲ့သည်။ ထိန်လင်းနှင့် ပတ်သက်လျှင် ဘာကြောင့်မှန်း မသိ၊ မာနတွေဟာ ခြေရင်း၌ သက်ဆင်းရမြဲ။ စိတ်ခံစားချက်တွေဟာ ထိန်းချုပ်၍ မရနိုင်အောင် ပြိုဆင်းရမြဲ။

ကိုယ့်အမှားပင် ဖြစ်လင့်ကစား တစ်ပါးသူ၏ ခြေထောက်အား ခခယယ ထိ၍ ဆေးလိမ်းပေးရခြင်းကို သာမန်ဆို စက်ဆုပ်ရွံရှာမိပါလိမ့်မည်။ အသက်ကိုသာ အသေခံမည်၊ မာနတရားကို အထိပါးခံမည် မဟုတ်။ သို့သော် ရှိန်းဟန်တွင် မာနတရားက လုံးဝ မရှိတော့သည့်အထိ ထိန်လင်း၏ ခြေထောက်ကို မငြိုငြင်ဘဲ ထိကိုင်ခဲ့ရသည်။

မြတ်နိုးလွန်းသည့် ခံစားချက် မဟုတ်မှန်း သိတော့ သိနေသည်။ ယောက်ျားလေး ဖြစ်လင့်ကစား ဆေးလူးကာ နူးနူးညံ့ညံ့ ကိုင်ခဲ့သော ခြေထောက်လေးဟာ မျက်နှာလေးလိုပင် မထိရက်မကိုင်ရက်စရာ လှရက်လွန်းသည်။ နုနုထွဋ်ထွဋ်နှင့် နာသွားမှာစိုးသည့်အထိ စိတ်လှုပ်ရှားခဲ့ရသည်ပင်။

အခုလည်းပဲ သဘောတူကြည်ဖြူစွာ ပေးထားသော ကတိကို မေ့လျက် ထိန်လင်း၏ ရှေ့၌ ပြုံးရွှင်လျက် ရောက်လာခဲ့ပါပြီ။ စိတ်နာသွားမှာ စိတ်ပူသည်။ မုန်းသွားမှာလည်း စိုးသည်။ သို့သော် စိတ်မနာဖို့၊ မမုန်းဖို့ ခယတောင်းပန်ပါမည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now