Part-20

480 44 3
                                    


"ကိုယ် မနေ့က ထိန်ထိန့်ကို ဖုန်းဆက်သေးတယ်။ သိလား"

"သိသားပဲ"

"ဒါဆို ဘာလို့ ထိန်ထိန် ဖုန်းမကိုင်တာလဲ"

"ခင်ဗျား ဆက်တယ်ထင်လို့ မကိုင်တာဗျာ"

"ဟာကွာ။ ထိန်ထိန်ကကွာ သိပ်ရက်စက်တာပဲ"

ရှိန်းဟန် ကြားချင်သည်က 'အလုပ်မအားလို့ မကိုင်ရတာ၊ ဘယ်သူမှန်း မသိလို့ မကိုင်ရတာပါ' ဆိုတာပင်။ အခုတော့ ကိုယ်ဖြစ်နေလို့ သူဟာ ဖုန်းမကိုင်တာတဲ့လား။

"ခင်ဗျား ကျွန်တော့် ဖုန်းနံပါတ်ကို ဘယ်တုန်းက ရသွားတာလဲ။ ခင်ဗျား အားတိုင်းယားတိုင်း ဖုန်းမဆက်နဲ့နော်။ ကျွန်တော် မကြိုက်ဘူး"

"ဖုန်းနံပါတ်က ဒီလိုပဲပေါ့ကွာ။ စုံစမ်းရင် ရပါတယ်ကွာ။ မင်းကလည်း ဟဲဟဲ"

ရှိန်းဟန်ဟာ စိတ်ကြီးဝင်နေသလိုမျိုး။ ဖုန်းနံပါတ်လေး စုံစမ်းတာ ခက်ခဲတာမှ မဟုတ်တာ။ ရင်းနှီးတဲ့ လူတစ်ယောက်ကို မေးလျှင် ရနိုင်သည် မဟုတ်ပါလား။ ဥပမာ - ဆရာကြီးပေါ့လေ။

"ထိန်ထိန် ကိုယ့်ကို ထမင်းလေးတော့ ကျွေးပါအုံးကွ။ ကိုယ် တကယ် ဗိုက်ဆာနေတာ ထိန်ထိန်ရဲ့။ ကိုယ့်ကို မရက်စက်ပါနဲ့ကွာ"

နောက်ဆုံးတော့လည်း ဒီဘူတာပဲ ပြန်ဆိုက်တော့သည်။ ထမင်းမကျွေးလျှင် အချိန်ပြည့် နားပူနားဆာ လုပ်နေမည့် ပုံ။

"မကျွေးဘူး"

"ကိုယ် သေသွားရင် ဘယ်လို လုပ်မလဲ"

"သေလည်း အေးတာပဲ"

"ထိန်ထိန်က ကိုယ့်ဆို သိပ်ရက်စက်တာပဲကွာ"

အလုပ်လည်း ရှိနေသေးတာမို့ ထိန်လင်းလည်း ဓါးကို မြန်မြန်ပြေးကောက်၊ သူ့ကို ကျောခိုင်းလိုက်ကာ ဝက်သားတွေကိုသာ အနေတော် လှီးဖြတ်နေလိုက်သည်။ သူသာ မလာလျှင် ဝက်သားတွေကို ငါးမိနစ်အတွင်း လှီးဖြတ်ပြီးစီးနိုင်သည်။

အခုကျတော့ နာရီဝက် ကျော်သွားပြီ။ ဘာမှတောင် မပြီးသေး။ သူမလာခင် ထမင်းအိုးလေး ကျသွားလို့ တော်ပါသေးသည်။ ထမင်းအိုးမကျက်ခင် သူသာ လာလျှင် ဒီနေ့ ထမင်းငတ်သွားနိုင်သည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now