Part-21

513 46 9
                                    



ဟိုးအရင်ရက်က Acc ဝင်မရလို့ အပိုင်းသစ် မတင်ဖြစ်တာပါ။ တောင်းပန်ပါတယ်နော်။ အခု Acc ပြန်ရလို့ တင်ပေးလိုက်ပါပြီ။

°°°°

ကျောင်းအလုပ် စ,လုပ်ရသည့် နေ့မှာ မိုးမရွာပါ။ ရာသီဥတုသာယာသဖြင့် အလုပ်က ပြီးသင့်သလောက်တော့ ပြီးပါလေသည်။ အခက်အခဲကတော့ မရှိ။ အလုပ်သမား ဦးလေးကြီးများက ရိုးသားကြကာ အလုပ်ကို မခိုမကပ်ဘဲ လုပ်ကိုင်ကြသည်။ ရှိန်းဟန် အလုပ်လေး နည်းနည်း အားတော့ ဆယ်တန်း A ခန်းကို ဝင်ကာ စာလေး ခဏသင်ခဲ့လေသည်။

"ကလေးတို့ရေ ဆရာပေးထားတဲ့ Definition တွေ ကျက်ထားကြနော်။ နားလည်အောင် လုပ်။ နှုတ်က စွဲအောင်လည်း ကျက်။ လက်က ချရေးကြအုံးနော်။ တစ်မှတ်တန်တွေက ကျက်ရတာလည်း လွယ်သလိုလို ရှိပေမယ့် အမှတ်ရဖို့ကျ မလွယ်ဘူး"

"ဟုတ်ကဲ့ပါ ဆရာ"

"တွက်ဖို့အတွက် ဆရာနေ့ခင်းကျမှ ပုစ္ဆာတွေ မိတ္တူဆွဲပေးမယ်"

"ဟုတ်ကဲ့ပါ ဆရာ"

ကျောင်းသားတိုင်းမှာ ကိုယ်စီ မေးခွန်းဟောင်း စာအုပ်တွေ ရှိကြသော်လည်း မေးခွန်းဟောင်းစာအုပ်ထဲက ပုစ္ဆာတွေကို ရှိန်းဟန် မပေးချင်သေးပါ။ ဒီနေ့တော့ သင်ခန်းစာအတွက် တွက်စာတွေကို online ကပဲ ရှာကာ မိတ္တူဆွဲပေးမည်ဟု တွေးလိုက်လေသည်။

မိတ္တူဆွဲပေးဖို့ကလည်း အခက်အခဲ မရှိ။ ကျောင်းမှာ ရေမီးအစုံလည်း ရှိသည်။ ကွန်ပျူတာနှင့် မိတ္တူစက်လည်း ရှိလေ၏။ A ခန်းမှာ ကျောင်းသားက စုစုပေါင်း ၄၀ ကျော် ရှိသောကြောင့် မိတ္တူစာရွက် ၄၀ လောက် လိုအပ်ပါသည်။ ရှိန်းဟန် နာရီကို ကြည့်လိုက်တော့ အချိန်က ကုန်ဖို့ နည်းနည်း လိုနေသေးသည်။

"ကလေးတို့ ဆရာ့ကို ကြည့်"

ရှိန်းဟန် ချောင်းတစ်ချက် ဟန့်လိုက်သည်။ အသံကို ရှင်းလိုက်သလိုမျိုး။

"အချိန်ကုန်ဖို့ လိုသေးတယ်။ ကလေးတို့ ဘာလုပ်ချင်ကြလဲ"

ကျောင်းသားတို့၏ မျက်နှာများက ချက်ချင်း ပြုံးရွှင်သွားကြသည်။ ခုနက စာသင်ချိန် ပင်ပန်း၍ မျက်နှာမှိုင်နေကြသော ကျောင်းသားတစ်ချို့ကလည်း ပြုံးလာကြကာ ဆရာကို တစ်ခုခု တောင်းဆိုသလိုမျိုး ပြိုင်တူ ကြည့်လာကြသည်။ A ခန်း ဉာဏ်ရည်တူသူ အတော်ဆုံး ကျောင်းသားတွေကိုပဲ စုထားသောကြောင့် A က ဘာပဲ လုပ်လုပ် တက်ညီလက်ညီ ရှိကြသည်။ ကျောင်းမှာ အသက်အကြီး၊ အလိမ္မာဆုံး အခန်းဆိုလျှင်လည်း မမှားပေ။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now