လူအများ လာမည်ဆိုတော့ သူ့ကို နှုတ်ဆက်ကြမည်။ မိမိဟာ ဒီကျောင်းမှာ အရေးပါ အရာရောက်သော လူ။ မိမိ မပါလျှင် ဘယ်ပွဲမှ မပြီးပေ။ ထို့ကြောင့် မိမိကို တွေ့လျှင် လူတိုင်း ကိုယ်ကို ရို့ရသည့်အထိ လေးစားရတာပင်။ မိမိကိုဆို လူတိုင်း ခင်မင်ချင်ကြသည်။ လူတိုင်းက နှုတ်ဆက်ချင်ကြသည်။ ဖော်ရွေကြသည်။
ထိုအခြေအနေများကို သိသောကြောင့် ရှိန်းဟန်သည် အလယ်တန်းကျောင်းဆောင်က ထမင်းစားခန်းထဲမှ ထွက်လာကာ ICT အခန်းသို့သာ ပြန်လာလိုက်သည်။ လူတွေ နှုတ်ဆက်လို့ မိမိအကြောင်းသာ ထိန်ထိန်သိသွားလျှင် စိတ်ဆိုးသွားနိုင်သည်။ တကယ်တော့ ထိန်ထိန့်ကို အပျက်သဘောဖြင့် ထိခိုက်စေချင်လို့ လူကြောက်တတ်သော ပုံစံမျိုး စခဲ့တာ မဟုတ်။
ဘာဓာတ်လဲ မသိပေမယ့် ထိန်လင်းရှေ့ဆိုလျှင် လူက နွဲ့ချင်လာသည်။ အားပျော့ချင်သလို ဖြစ်တတ်လာသည်။ ရင်ခွင်မှာ ဝင်ကာ နွဲ့ဆိုးဆိုးချင်သလိုမျိုး ဖြစ်လာသည်က သဘာဝရော ဟုတ်ပါရဲ့လား။ အပြင်မှာ နေပူနေသော်လည်း air-con ကြောင့် ရင်တွေ အေးရပါသည်။ ရေခဲတုံးဖြစ်နေသော အအေးဘူးကို မော့သောက်လိုက်တော့ လူက အမောပြေသွားသည်။
"ကိုသျှားခေတ်ရှိန်းဟန် ကျွန်တော် ဝင်လာလို့ ရမလား"
အခန်းအပြင်မှ အသံကြောင့် ရှိန်းဟန်သည် ဆတ်ခနဲ လန့်သွားလေသည်။ ဒီအသံကို ရင်းနှီးစွာ သိပါသည်။
"ထိန်ထိန်လား။ ဝင်လာခဲ့ကွာ"
အခန်းထဲ ဝင်လာသော ထိန်ထိန်ကို မြင်တော့ အလိုလို ပြုံးမိသွားလေသည်။ ရှိန်းဟန်သည် မတ်တပ် ထရပ်ရင်း အနားသွားလိုက်ကာ
"တံခါးဖွင့်ထားပါတယ်ကွ။ နောက်တစ်ခါဆို လာချင်တဲ့ အချိန် လာလို့ ရပါတယ်ကွာ။ ခွင့်တောင်းစရာ မလိုပါဘူး။ ကဲ ဘာကိစ္စလဲ"
"ခင်ဗျားကို ထမင်းစားဖို့ လာခေါ်တာ"
"ဟာ တ .. တကယ်လား"
"အင်း"
"ခုနက ပြောတော့ ထိန်ထိန်ပဲ ကိုယ့်ကို မစားနဲ့ဆို"
"ခင်ဗျား မစားချင်ရင်လည်း မစားနဲ့။ ကျွန်တော်က တာဝန်အရ လာခေါ်တာ"
YOU ARE READING
နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။