Part-17

636 38 8
                                    


"မင်္ဂလာပါ ဆရာလေး"

"မင်္ဂလာပါကွယ်"

"ဒီနေ့ ဆရာလေး သားတို့ အတန်းကို စာဝင်သင်ရအုံးမှာလားဟင်"

ကျောင်းသို့ စောစောရောက်သော နေ့ ထိန်လင်းသည် ထိုကျောင်းသားလေးကို စူးစမ်းကာ ကြည့်လိုက်သည်။ စာသင်ရက် မကြာသေး၍ ကျောင်းသားလေး၏ နာမည်ကို မသိသော်လည်း ၆ တန်းက ကလေးဖြစ်ကြောင်း အလိုလို သိရပါသည်။

"သင်ရမယ် ကလေး"

"ဘာသင်ရမှာဟင်"

"သိပ္ပံ ကလေး"

"ရေး"

ကလေးက ထိန်လင်းကို ပြေးဖက်ကာ ထခုန်သည်။

"သားက သိပ္ပံဆို အရမ်းစိတ်ဝင်စားတာ။ ဆရာလေး သင်မယ်ဆိုတော့ ပိုပြီး ပျော်ဖို့ ကောင်းမှာပဲနော်"

ထိန်လင်း ကလေး၏ ကျောပြင်လေးကိုသာ ခပ်ဖွဖွ ပုတ်ပေးနေမိလေသည်။ စာမသင်ရသေးပေမယ့် သူ့ကို အလိုလို ခင်တွယ်သော ကလေးလေးက ချစ်စရာ ကောင်းနေသည်။

ညတုန်းက အချိန်စာရင်းကို အတန်းပိုင်ဆရာမ ဒေါ်မြပန်းရုံက viber မှာ ပို့ပေးလာသောကြောင့် ဒီနေ့ ၆ တန်းကို စာစသင်ရမည် ဖြစ်သည်။

"ဆရာ့ စာသင်ချိန်က နေ့ခင်း နောက်ဆုံးချိန်ပဲ ကလေး"

"ဟုတ်ကဲ့ ဆရာလေး။ သားတို့ အခန်းထဲက ‌သူငယ်ချင်းတွေလည်း ဆရာလေးကို စာသင်စေချင်နေကြတာ"

"ဆရာလည်း သားတို့ကို ချစ်လို့ စာသင်မှာပေါ့ကွယ်"

ထိန်လင်းက ပြုံးနေတော့ ကျောင်းသားလေးက မျက်လုံးလေးများ ပိတ်သွားသည့်အထိ ပြုံးရယ် ရယ်လေသည်။

"သားနာမည်က ဘယ်သူတဲ့လဲ"

"နေရဲလို့ ခေါ်ပါတယ်ဗျ ဆရာလေး"

"ဟေ ဘယ်လို နာမည်က"

"သားနာမည် နေရဲပါ ဆရာလေး"

"ရုပ်ရှင်မင်းသား နေရဲလင်းပေါ့"

"ဗျာ ဆရာလေး"

ကျောင်းသားလေးက သူ့ကို မော့ကြည့်သည်။ နာမည်ဟာ နေရဲတဲ့။ ထိန်လင်း ချစ်စဖွယ် စနောက်လိုက်တော့ ပုံစံလေးက အူကြောင်ကြောင်လေးပင်။ ဘယ်လိုပဲ ဖြစ်နေနေ ဒီကျောင်းသားလေးဟာ ချစ်စရာ ကောင်းသည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now