- 9 -

396 48 31
                                    


" alcohol test လေး စစ်ဆေးခွင့်ပြုပါ..."

တန်းစီ နေသည့် ကားတန်းက တဖြည်းဖြည်း ယာဉ်ထိန်းရဲအရာရှိထံဖြတ်သွားပြီးနောက်မှာ ချွမ်ရွေ့ ရဲ့ ကားအလှည့်ရောက်လာတော့ ယာဉ်ထိန်းရဲအရာရှိလေး က ကားမှန်လေးကို လက်ဖြင့် သုံးချက်မျှ ခေါက်ပြီး ပါးချိုင့်တွေထင်းခနဲဖြစ်သွားအောင် ပြုံးပြပြီး ချိုသာစွာ စကားဆိုလာသည်...။

ချွမ်ရွေ့ ကား မှန်ကို ချပြီး နှုတ်တွေ ပြေရုံလေး ပြုံးပြလိုက်ကာ နားထင်ကို လက်ညှိုးဖြင့် အသာ ကုတ်ခြစ်လိုက်မိသည်...။ ရှောင်ချီ ဆိုတဲ့ကောင် တဂျီဂျီ နဲ့ ကလပ်လာဖို့ မခေါ်ရင် ချွမ်ရွေ့ အပြင်ထွက်ရန် ဆန္ဒ မရှိ...။ သူ ဆော့ဝူဟျွန်း ရဲ့ နှစ်ဖက်မိဘတွေ့ဆုံပွဲမှာ သောက်စားလာသေးသည် မဟုတ်လား...။

" အရာရှိလေး က ဒီနားမှာ အခုမှ တာဝန် စကျတာထင်တယ်... ကိုယ့် ကား ကို မသိဘူးဆိုတော့လေ..."

ချွမ်ရွေ့ တို့ စံအိမ် နဲ့ ထိုကလပ်ရှိရာ လမ်းမှာ များသောအားဖြင့် လူကုံထံ အသိုင်းအဝိုင်းများ အနေများတာကြောင့် စစ်ဆေးရေးဆိုတာ မရှိသလောက်ကိုရှားလှသည်...။ ရှိသည့် စစ်ဆေးရေးအရာရှိတွေကလည်း ထိုလူချမ်းသာ မိသားစု တွေရဲ့ ပေးကျွေးတာကို လက်ခံထားသူများပီပီ ကားနံပါတ်ကအစ အလွတ်ရကာ အမြဲ pass ပေးတတ်သည်...။ ထို့ကြောင့် ချွမ်ရွေ့ အရာရှိလေးကို ထိုသို့မေးလိုက်ခြင်းပင်..။

" ' ဟူး.' ဆိုပြီး ဒီပိုက်ထဲ မှုတ်ထည့်ပေးပါ.. လူကြီးမင်း.."

ထိုအရာရှိချောချော လေးမှာ ချွမ်ရွေ့ စကားကို ဟိုဘက်နားကဝင် ဒီဘက်နားက ထွက်သွားသည့်လေ လိုသဘောထားပြီး သူ့ တာဝန်ကိုသာ ဆက်လက်လုပ်ဆောင်ဖို့ စစ်ဆေးရေး ကိရိယာလေးကို ချွမ်ရွေ့ မျက်နှာနဲ့ မနီးမဝေးတွင်ထားကာ အံတြိတ်ထားပြီး ယဉ်ကျေးစွာ စကားဆိုပြန်သည်..။

" ယာဉ်ထိန်းရဲမှူးချုပ် ဂင်ထယ်ဟွမ် ကို သိတယ် မဟုတ်လား.... သူ သာ..."

" လူကြီးမင်း လုပ်ရမှာက ' ဟူး ' ဆိုပြီး ဒီထဲ လေမှုတ်လိုက်ဖို့ပါပဲ... ဂင်ထယ်ဟွမ် ကို ဖုန်းဆက်ပြောလည်း ဂင်ထယ်ဟွမ် က ကျွန်တော့်ကို မနိုင်လောက်ပါဘူး.. "

Top SecretWaar verhalen tot leven komen. Ontdek het nu