X's Top Secret

268 33 16
                                    


တံတား ပေါ်ကိုဖြတ်တိုက်နေတဲ့ လေတွေ က အေးသထက်အေးလာသည်.. တံတားဘောင်ပထမတန်းပေါ် တက်ပြီး အောက်ကို ငုံ့ကြည့်လိုက်တော့ ရေပြင်ကျယ်က ဟိုဟို ဒီဒီ လှုပ်ခတ်လို့.... နောက်ထပ် အတန်းတစ်တန်းပေါ် ထပ်တက်လိုက်တော့ တံတောင်ဘောင်ကို ကျော်ခွလို့ရသည့်အနေအထား ဖြစ်လို့လာသည်..။

' အင်း ခုန်ချလို့ရပြီထင်တယ်' လို့ သူ တွေးရင်း နောက်ထပ် တန်းပေါ် ခြေတင်မိချိန်မှာပဲ လက်တစ်ဖက်ကို ဆုပ်ကိုင်လာသည့် လက်နွေးနွေးလေး..။

"ဟင့်..ရွှတ်..အီး ..... ရွှတ်... ဖေဖေ နဲ့ မေမေ ဟင့် ... ကို... ရွှတ်... ရှာပေးပါ..... အီးဟီး... အိမ်မပြန်တတ်တော့ဘူး. ..ဝူး...ဝူး..."

*ကျစ်....သူ တန်းတွေပေါ်က ပြန်ဆင်းကာ မျက်ရည်တွေရော နှာရည်တွေပါ ထွက်ကာ ရှိုက်ငိုနေသည့် ကလေးငယ်ကို စိတ်ပျက်စွာကြည့်လိုက်မိသည်။

သတ်သေပါမည်ဆိုကာ မှ ဒီတံတားပေါ် ဘယ်ကကလေး ကပေါ်လာတာတုန်း။ ဒီကလေးကို တစ်ယောက်ယောက်ကများ လာစွန့်ပစ် သွားတာလား လို့ သူ တွေးမိကာ အကောင်းဆုံးအကြံကိုပေး လိုက်သည်..။

" ငိုမနေဘဲ... ရဲစခန်းကိုသွား..."

" အူးဝူး... အီးဟီး.... ရဲစခန်းလည်း ရှာမတွေ့ဘူး... ဟင့်...ခြေထောင်တွေလည်းညောင်းနေပြီ... ရွှတ်.. ဟင့် ရွှတ်..."

ရုတ်တရက် ကွန်ကရစ်ကြမ်းခင်းပေါ် ဖင်ထိုင်ချပြီး အော်ငိုလာသည့် ကလေးငယ်ကြောင့် သူ သက်ပြင်းချကာ ထိုကလေးငယ်ဘေးနားမှာ ငုတ်တုတ်လေး ထိုင်ချလိုက်သည်...။ သူ နဲ့ အသက်မတိမ်းမယိမ်း ရှိနိုင်သည့် ထိုကလေးငယ်သည် ဘာလို့များ အဲ့ဒီလောက်ထိ ကလေးဆန်ကာ မရင့်ကျက်လိုက်သလဲ...။

" ဟင်း... ငါ သိပြီမို့.. မငိုနဲ့တော့... "

သူ ကလေးငယ်ရဲ့ပါးပြင်ပေါ်က မျက်ရည်တွေကို ပွတ်သုတ်ပေးပြီး နှစ်သိမ့်လိုက်ပြီး သူ့ဖုန်းကို ထုတ်ကာ ကလေးငယ် လွယ်ထားသည့် လွယ်အိတ်မှာချိတ်ထားသည့် ကတ်ပြားတစ်ခုပေါ်က ဖုန်းနံပါတ်ကို ခေါ်လိုက်တော့သည်..။ ငိုနေသည့် ကလေးငယ်က သူ့နဲ့အသက်သိပ်မကွာသည့် တစ်ဖက်ကလေးက အပြုအမူကြောင့် ငိုနေသည့်ကြားကပင် အံ့အားသင့်လို့သွားသည်....။ ထိုကလေးက သူ့မိဘတွေဆီ ဖုန်းဆက်ပေးနေခြင်းပင်..။

Top SecretWhere stories live. Discover now