-27-

318 37 23
                                    


" အခြေအနေ က ဒီလောက်ဆိုးတာကို ဘာကို တစ်ယောက်တည်း လွှတ်ထားတာလဲ.. ငါ သာ အတွေ့မမြန်ရင် သေတော့မလို့ဟာ..."

" ယွန်းမိသားစု ရဲ့ တတိယ မျိုးဆက်လေ.. ဘယ်သူက ထိန်းနိုင်မှာတဲ့လဲ.."

အင်္ကျီ မိုးပြာရောင်လေးမှာ သွေးတွေက မြင်မကောင်းလို့ ဆေးနေချိန် ရှင်းဂျူ အနားရောက်လာတော့ ဒေါသနဲ့ ဟောက်လိုက်တော့ ရှင်းဂျူက ဂျီအွန်း အမေးကို သူ ဘာမှ မတတ်နိုင်သည့် ပုံစံနဲ့ သက်ပြင်းတချချ နဲ့ပြန်ဖြေ လာသည်..။

" ဘယ်သူမှ သွားမပြောနဲ့နော်... Rape case ဖြစ်လုနီးပါး ပဲ.. အဲ့ဒါကို လူချမ်းသာမိသားစုဆိုတော့ အကုန်ဖုံးဖိပစ်တာ... ကောင်လေးက အခုမှ minor ပဲရှိသေးတာ..."

သူ့ သူငယ်ချင်း ရှင်းဂျူဟာ စိတ်ရောဂါအထူးကု ဆရာဝန်ဖြစ်ပြီး သူဟာ ပြန်လည်ထူထောင်ရေး ဆေးရုံတွင် တာဝန်ကျသည့်အတွက် ဂျီအွန်း သူငယ်ချင်းထံ အလည်လာစဉ် လက်ကောက်ဝတ်ကိုဖြတ်ထားပြီး သွေးစက်လက်ကျနေသည့်အတိုင်း ခေါင်းမိုးထပ်က ခုန်ချဖို့လုပ်နေသည့် ကောင်လေး ကို မမျှော်လင့်ဘဲ ကယ်ခဲ့ရသည်..။

ကောင်လေး နဲ့ သူ ၃ ပေလောက်အကွာမှာ နွေးထွေးသည့် မမြင်နိုင်သည့်စက်ဝန်းတစ်ခုကို ခံစားလိုက်မိသည်..။ ကောင်လေး ကတော့ သိ မသိ မပြောနိုင်ပေမယ့် သူ ကတော့ အဲ့ဒီ ရေနွေးစီးကြောင်းလို ခံစားချက်ဟာ သူ့ခန္ဓာကိုယ် တစ်ခုလုံးပတ်စီးသွားသလိုပင်..။

အေးစက်နေသည့်ဆောင်းရာသီ ကနေ ချက်ချင်း နွေဦး ဖြစ်သွားသလို ဖော်ပြလို့မရတဲ့ နွေးထွေးပြီး သာယာလှပတဲ့ ခံစားချက်..။

" ရှင်းဂျူ...... ငါ......"

" မင်း...ဘာဖြစ်လဲ ???"

ဂျီအွန်း ပြောဖို့တွန့်ဆုတ်နေလို့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ရှင်းဂျူက ဆက်ပြောဖို့ တွန်းအားပေးပေမယ့် ဂျီအွန်း ကိုယ်ကိုပြန်ကိုင်းကာ ရေတွေဖွင့်ချပြီး သူ့မျက်နှာကို အေးသွားသည့်အထိ သစ်ချပစ်လိုက်သည်..။

" ငါ.... တွေ့လိုက်တယ်...."

" မင်း ဘာတွေ့လိုက်တာလဲ???... ရား...ဂင်ဂျီအွန်း... ငါ့ကို မြန်မြန်ပြောစမ်းပါ..."

Top SecretWhere stories live. Discover now