-31-

418 43 13
                                    


မက်သရူး ဘဝရဲ့ ကြောက်မက်ဖွယ် အိပ်မက်ဆိုးဟာ ပထမဆုံးအကြိမ် အဖြစ် မက်သရူး ထံ အလည်ရောက် လာခဲ့သည်...။ Heat Circle ...............။ အရေးပေါ် တားဖို့ မည်သည့် ဆေးဝါးမှ မပါသည့် အခြေအနေမှာ သူ့ ဝင်သက် ထွက်သက် အလုံးစုံဟာ Mate Alpha ရဲ့ လှုပ်ရှားမှုတွေပေါ်မှာပဲ အမှီပြုရတော့သည်...။

ဒါက မက်သရူး ပေါ့ပေါ့တန်တန် တွေးပြီး ဆောင်းဟန်ဘင်း ကို Mark လုပ်တာကို ခွင့်ပြုမိလိုက်တဲ့ အပြစ်တွေပဲ..။ နာကျင်မှုတွေ နဲ့ ဝမ်းနည်းမှုတွေဟာ ရောထွေးပြီး ရင်ထဲ လှိုက်လှိုက်တက်ပြီး ငိုချနေရသော်လည်း Mate Alpha ပေးတဲ့ သာယာအမှုအလုံးစုံကိုလည်း တပြိုင်နက် သူ လက်ခံမိသည်..။

ရှက်ရွံ့စရာကောင်းအောင် သူ နှုတ်ဖျားက ထပ်ခါ ထပ်ခါ တောင်းဆိုနေဆဲ...။ ချစ်ရသူ ရဲ့ လှုပ်ရှားမှုနဲ့ အပြုအမူတွေဟာ ညင်သာပြီး သူ့အပေါ်အတော်လေး ငဲ့ညှာကာ အချစ်တို့နဲ့ ထုံးမွှမ်းထားသလို အခုတကြိမ် ထုတ်လွှင့်ပေးထားတဲ့ ဖယ်ရိုမုန်းတွေက သူ့ ကိုစိတ်သက်သာရာရစေတာကြောင့် စိတ်တင်းကြပ်မှုတွေက တဖြည်းဖြည်းလျော့ပါးလာသည်...။

သူ စိတ်လျော့လိုက်တာနဲ့ တပြိုင်နက် ကိုယ်ပိုင် ဖယ်ရိုမုန်းတွေကို ထိန်းချုပ်လို့မရအောင် လွှတ်ထွက်လာသည်..။ ပေါင်းစပ်သွားတဲ့ ဖယ်ရိုမုန်းတွေဟာ အခန်းတစ်ခုလုံးကို သဘာဝ ရဲ့ပန်းခင်းသဖွယ် ပြောင်းလဲလိုက်သလိုပင်...။ ထို့အတွက် Mate Alpha ဟာအရှိန်ဟာ သားရဲ တစ်ကောင်အသွင်သို့ တဖြည်းဖြည်း ရောက်ရှိလို့သွားပြီး သူ့ ရဲ့ ဝေဝါးနေသည့် အကြည့်တွေကြားမှာ သူ့ Mate Alpha ရဲ့ မျက်လုံးတွေက ရွှေဝါရောင်သို့ပြောင်းနေသလိုလို .. သူ အသက်လုရှူနေရင်းက သတိထားမိသွားသည်..။ Mate Alpha ပါ Rut ဝင်သွားတာပဲ...။

ထိန်းချုပ်မှု တွေ ကနေ လုံးဝ လွတ်ထွက်သွားပြီးနောက်မှာ ငရဲဘုံ တစ်လှည့် သုခဘုံ တစ်လှည့် တက်ချည် ဆင်းချည် ကူးသန်းမှုဟာ ၃ ရက်တာအချိန်လွန်မှသာ လုံးဝ လွတ်ကင်း ပြီးမြောက် ခဲ့သည်...။

မက်သရူး သတိလုံးလုံး ပြန်ရသည့်အချိန်မှာ တစ်ကိုယ်လုံး အရိုးတွေ မရှိတော့သလို ခံစားရပြီး လူက အဝတ်လျှော်စက်ထဲ ထည့်လျှော်ခံထားရသလို နာကျင်နေသည်...။ မက်သရူး က ပတ်လက်အနေအထား လှဲနေရပြီး ညာဘက်လက်ဖမိုးမှာ ဆေးသွင်းထားရသည်...။ မက်သရူး ခေါင်းကို စောင်းကြည့်လိုက်တော့ သူ့ ဘယ်ဘက်မှာ တစောင်းအနေအထားနဲ့ လက်ကိုကွေးကာ ခေါင်းအုံးအိပ်နေသည့် ဆောင်းဟန်ဘင်း...။ ဆောင်းဟန်ဘင်း လက်တစ်ဖက်က သူ့ ဗိုက်ပေါ်ကနေ ခါးကိုဝိုက်ဖက်ထားသည်...။

Top SecretWhere stories live. Discover now