Kelvin's Top Secret

281 28 10
                                    


" Finish him !! Finish him !! Finish him !! "

တစ်ဖက်ပြိုင်ဘက်ကို အသေမသတ်နိုင်သရွေ့ ကာရံထားသည့် သံဇကာတွေက ဖွင့်လာမည်မဟုတ်..။ ဒီနေ့ညအတွက် ကြိုးဝိုင်းထဲက တစ်ယောက်သာ အသတ်ရှင်ရမည်...။ ထို့အတွက် သူ ဖမ်းချုပ်ထားသည့် ဦးခေါင်းကို လည်ထွက်သွားအောင် အားထည့်ပြီး လှည့်ပစ်ဖို့လိုအပ်သည်..။

သူ့ဘက်က လောင်းကြေးထပ်ထားသည့် လူတွေက အော်ဟစ်သံတွေက အရမ်းကျယ်လောင်သည်..။

*ဂျွတ်..

လည်ပင်းရိုးကျိုးသံ ထွက်လာပြီးနောက်မှာ သူ့လက်ထဲက လူရဲ့အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကိုလွှတ်ချလိုက်သည်.။

အော်ဟစ်သံတွေ ၊ မသိတင်ကဲ သံတွေက တသောသောနဲ့ညံစီနေသည်.. သူ့လက်တစ်ဖက်ကိုကိုင်မြှောက်ကာ အနိုင်ရသူအဖြစ် ဒိုင်က ကြေညာသည်..။

အင်း.. နောက်ထပ် တစ်ရက်လည်း ဒီလိုနည်းနဲ့ သူ အသက်ရှင်ခဲ့ပြန်ပြီ..။

အာ.. ဒီနေ့လည်း ဦးထုပ်အနက်ရောင်ကို ခပ်ငိုက်ငိုက်စောင်းပြီး အမဲရောင် maskတပ်ထားသည့် လူကို သူတွေ့ပြန်ပြီ..။ ထိုသူ့ မျက်လုံးတွေက ကြယ်တွေလိုတောက်ပသည့်တိုင် ဝမ်းနည်းရိပ်တွေလွှမ်းနေသည်.. ပြီးရင် သူ့ကို ပဲ တစိုက်မတ်မတ်ကြည့်နေတတ်သည်..။

" Let's go.. honey..."

ပါးနားရေတွန့်ခြင်းကို မတရားထိန်းသိမ်းထားပုံရပြီး အဆီတဝင်းဝင်း မျက်နှာပြင်ကို ပွတ်သတ်ကာ သူ့ သခင် ဆိုသူ၏ သကာလောင်းထားသည့် အသံကိုကြားလိုက်ရသည် လည်ပင်းမှာပတ်ထားရသည့် ပေါက်ကွဲနိုင်သည့် ဗုံးသာ မရှိခဲ့ရင် သူ အဲ့ဒီလူဦးနှောက်ကို ချက်ချင်းထုတ်ပြီး ခွေးကျွေးပစ်မှာ မလွဲ...။

ထုံးစံအတိုင်း အနိုင်ရခဲ့သည့် ဒေါ်လာရွက်တွေကို လက်မှာတံတွေးစွပ်စွပ်ပြီး ရေရွတ်နေသည့် သူ့ကိုယ်သူသခင် ဟုခံယူသူသည် ရွံ့ရှာဖွယ်အတိ..။ လူသွားလူလာမရှိဘဲ ..ကားအသွားအလာလည်းကျဲပါးသည့် ထိုလမ်းမကြီး သည် သူ့ဘဝအတိုင်း အထီးကျန်ကာ မှောင်မိုက်နေသည်..။

ထိုအချိန်မှာပဲ ကား ကာ ရမ်းခါထွက်သွားပြီး နောက်ခန်းတွင်ထိုင်နေသည့်သူတို့ခေါင်းတွေသည်လည်း တံခါးဘောင်များနဲ့ဆောင့်မိကာ မူးဝေနေဆဲအခိုက်အတန့်မှာပင် *ကျွီ *ဒုန်း ဆိုသည့် အသံနဲ့အတူ သူ့ မြင်ကွင်း သည် ခတ္တခဏ အမှောင်ကျသွားတော့သည်..။

Top SecretWhere stories live. Discover now