-12-

262 39 16
                                    


" ကိုယ် က မင်း တွေ့ကရာကောက်ယူ ထားတဲ့ လူမျိုးလား.."

ဝူဟျွန်း ဟာနူးလ်ဟျောင်းနဲ့စကားပြောဆိုပြီးနောက် အိမ်ထဲပြန်ဝင်လာတဲ့အချိန်မှာ ချွမ်ရွေ့ အမေကို သူ့အဘွားဖြစ်သူက ဆူပူနေသံကိုကြားခဲ့ရသည်..။ ချွမ်ရွေ့အမေက ချွမ်ရွေ့ ကို သိပ်ချစ်လွန်းလို့ မဆူရက်ဘူး.. သူ့ သားဆိုးတိုင်း သူ့သားကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင် က တစ်ခုခုကို အပြစ်တင်လိုက်ရမှ နေသာထိုင်သာရှိတဲ့ လူမျိုး...။ ဝူဟျွန်းအတွက် ရိုးအီနေပြီဖြစ်သော်လည်း ဘယ်အတိုင်းအတာထိ ဆောင်းဟန်ဘင်း ကြားလို့ သူ့ကို ထိုစကားမျိုးမေးလဲဆိုတာ ဝူဟျွန်း ပြန်မမေးလဲ အလိုလို သိနေသည်..။

" ကျွန်တော်သာ တွေ့ကရာကောက်ယူတတ်ရင်... အခုလောက်ဆို ကလေး ၂ ယောက်လောက်ရနေလောက်ပြီ.."

" မင်း က Beta လေ ဘယ်လိုလုပ် ကလေး ၂ ယောက်ရမှာလဲ..."

သူ အရွှမ်းဖောက်ပြီး ပေါ့ပေါ့ပါးပါးဖြေလိုက်သော်လည်း ဆောင်းဟန်ဘင်းက မျက်မှောင်ကြီးကျုံ့ကာ သူ့အဖြေပေါ် အလိုမကျဟန်ဖြင့် အထ အနကောက်ကာ မေးခွန်;ဆက်လာသည်..။

" သဘောပြောတာလေ... .... ပြီးတော့ ကလေး ဘာလို့မရနိုင်ရမှာလဲ.. Beta မိန်းကလေးယူလိုက်ရင် ဖြစ်တာပဲလေ....."

ဟန်ဘင်း သက်ပြင်းချကာ မျက်နှာကို မဲ့လိုက်ပြီး ဝူဟျွန်း နားထင်နား စို့နေသည့် ချွေးတွေကို လက်ခုံဖြင့် ဖယ်ရှားလိုက်ပြီး လက်ဖျားလေးဖြင့် ဝူဟျွန်း နားထင်နားကို ခပ်ဖွဖွ တွန်းလိုက်သည်..။

" လေးလေးနက်နက် ဖြေလို့မရဘူးလား.. လူကို စိတ်မကောင်းဖြစ်အောင်.."

" အိုင်းဂိုး... ကျွန်တော့် ရဲ့ ဆောင်းဟန်ဘင်း အများကြီးစိတ်မကောင်းဖြစ်သွားတယ်ပေါ့.... ဘာလုပ်ပေးရမလဲ တီတီငယ် ... နောက်ဘယ်တော့မှ စကားမပြောနိုင်အောင် လုပ်ပေးရမလား.."

ဝူဟျွန်းက ဟန်ဘင်းနား တိုးကပ်လာပြီး ရေကိုင်ထားလို့ အေးစက်စက်ဖြစ်နေသည့် လက်မထိပ်ဖျားလေးနဲ့ ဟန်ဘင်းနှုတ်ခမ်းကို ပွတ်ဆွဲလိုက်ပြီ မျက်နှာထားတည်တည်ထက်က နှုတ်ခမ်းတစ်စုံဟာအေးစက်စက် ပြုံးကာ ပြောလာသည်...။ နောက်ပြောင်နေတယ်လို့ ထင်ရမယ့် ညှို့မှိုင်းတွေသည့်အကြည့်တွေက အမှန်တွေပြော သည်ဟု အော်ဟစ်နေသယောင်..။

Top SecretWhere stories live. Discover now