-19-

281 33 50
                                    


ဟန်ဘင်း ရေမိုးချိုးပြီး အပြင်သွားဖို့ ပြင်နေချိန်မှာ ခိုဖြူလေးအတွက် ရေထည့်ပေးဖို့ သတိရသွားသည်...။ ချွမ်ရွေ့ ဖုန်းမဝင်လာခင်က သူ ခိုနဲ့ရန်ဖြစ်နေတုန်းက ပြီးရင် ရေထည့်ပေးဖို့ သတိရလိုက်ပေမယ့် ဝူဟျွန်း က အပြင်သွားဖို့ ရေမိုးချိုးဖို့ ပြောလိုက်တာကြောင့် သူ သတိမေ့သွားခြင်းပင်..။

ဟန်ဘင်း နေဗီပြာရောင် စပို့ရှပ်လက်ရှည်ကို နဲ့ဂျင်း အနက်ကို တွဲဝတ်ပြီးနောက်မှာ သူ အိပ်ခန်း ဝရံတာ တံခါးကို ဖွင့်လိုက်ချိန်မှာတော့ ခိုဖြူလေးမှာ ဇတ်ကျိုးကာ သေနှင့်နေပြီး ဖြစ်သည်..။ ဟန်ဘင်း မျက်မှောင်အလိုလို ကျုံ့မိသွားသလို စိတ်တွေ ရှုပ်ထွေးသွားသည်...။ ဇတ်က လည်ပြီးကျိုးနေတာကြောင့် သေချာပေါက် သူ့ဘာသာ အတောင်ကျိုးနေတာကို အပျံမတတ်လို့ ပြုတ်ကျကာ ကျိုးပုံနဲ့မတူ.. တမင်သက်သက်ကို လည်လိမ်ချိုးခံ လိုက်ရတာ ပင်..။

ဒီအိမ်မှာ နေတာ သူ နဲ့ ဝူဟျွန်း ပဲရှိတာ သူ သတ်တာမဟုတ်ရင်......................... ခိုဖြူကိုသတ်တာက..........။ မဖြစ်နိုင်ဘူး... သတ်ချင်ရင် ဝူဟျွန်းက ဘာလို့ ဆေးလိမ်းပေးထားမှာလဲ.............။

" ဆောင်းဟန်ဘင်း ပြင်ဆင်ပြီးရင် သွားကြစို့..."

ဟန်ဘင်း ရဲ့ သံသယ မဆုံးသေးခင်မှာ အိပ်ခန်းတံခါးကို ဖွင့်ကာ ဝူဟျွန်း အထဲဝင်လာပြီး ဟန်ဘင်း တစ်ခါမှ မရင်းနှီးသည့်လေသံလေး နဲ့ နူးနူးညံ့ညံ့ ပြောလာသည်...။ နားစည်ကို ရိုက်ခတ်လာချိန်မှာ ဟန်ဘင်း ကိုယ်တိုင် မသိနိုင်တဲ့ ဆွဲငင်အားတစ်ခုကို ခံစားရသည်...။ သူ့ဦးနှောက်က မသွားဖို့ ငြင်းဆန်ချင်ရင်တောင် သူ့ခြေထောက် တွေက နောက်ကလူနဲ့ အမိန့်အတိုင်း လှုပ်ရှားချင်နေတာမျိုး.........။

ဟန်ဘင်း က ဝူဟျွန်းကို လှည့်ကြည့်လိုက်တော့ ဝူဟျွန်းက အပေါ်အောက် အနက်ရောင် လည်သာ ဝတ်စုံကို ဝတ်ဆင်ထားသည်...။

" ဘေဘီ.. ခိုဖြူလေးကလေ..........."

" အော်.... အတောင်ကျိုးနေတာကို အရမ်းပျံနေတော့ ပြုတ်ကျပြီး ဇတ်ကျိုးသွားတာနေမှာ...အရမ်းကြီး စိတ်မကောင်းမဖြစ်ပါနဲ့......."

Top SecretWhere stories live. Discover now