-16-

299 38 22
                                    


" ဝူဟျွန်း ..... ထစမ်း !! မင်း ယောကျ်ား မဟုတ်ဘူးလား..."

သူမ ကကြင်နာသည့်ပုံပေါက်သော်လည်း လေသံက သိပ်ကိုမာထန်နေသည်...။ သူမ က သူမရဲ့သားရဲ့ပျော့ညံ့မှုကို အားမလိုအားမရဖြစ်နေသည့်ဟန်...။ ကလေးလေးက ၁၀ နှစ်တောင် မပြည့်သေး... သူကို အခန်းတစ်ခန်းထဲ ထည့်ထားပြီး မျက်လုံးကိုမျက်လုံးအကာဖြင့် ပိတ်ကာထားပြီး အမှောင်ထဲမှာ လူတစ်ချို့က သူ့ကို အရပ်မျက်နှာ အဘက်ဘက်မှ ဝန်းရံတိုက်ခိုက်ခြင်းကို ခံနေရသည်...။

ခြေသံတွေကို နားစွင့်ထားရသည်.. လက်လွှဲဟန်ချက်အရှိန်ကနေ ထွက်ပေါ်လာသည့် သူများမကြားနိုင်သည့် အသံကိုတောင် သူကြားနိုင်သည်အထိလေ့ကျင့်ခံရသည်..။ သူ့ အမေ က သူ့ကို ထိုမျက်လုံးအကာ စည်းပြီး ၂ နှစ်တိုင်တိုင် မျက်မမြင်တစ်ယောက်လို လှုပ်ရှားနေထိုင်ခိုင်းခဲ့သည့်အတွက် ထို ၂ နှစ်အတွင်းမှာ သူဟာ အမြင်အာရုံထက် အကြားအာရုံကို ပို အားပြုရှင်သန်နေခဲ့တာကြောင့် အကြားအာရုံက ပိုလို့ကောင်းလာခဲ့သည်..။

မည်သို့ပင်ဆိုစေကာမူ သူသည် ၁၀ နှစ်တောင် မပြည့်သေးသည့် ကလေးငယ်ပင် ဖြစ်နေသေးသည့်အတွက် လူကြီးအားနဲ့ယှဉ်လျှင် တိုက်ခိုက်ရည် ညံ့ဖျင်းပြီး ရှုံးနိမ့်နေဆဲ..။

သို့သော် သူမှ သေခါမှလျော့မည့်ဇွဲတို့ကတော့ ဗီဇ အရကပ်ညှိလို့ပါလာခဲ့တာကြောင့် လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ် ထောက်ကာ ကုန်းရုန်းထလိုက်ပြန်သည်..။

" တော်တော့... ယွန်းဂန်ဟီး !! "

ဝုန်းခနဲ အခန်းတံခါး ဖွင့်သံနဲ့အတူ ဝူဟျွန်း သူ့အဖေ အသံကို ကြားလိုက်ရသည်...။ လေ့ကျင့်ဖော်ဖြစ်ပေးသည့် သူများရဲ့ အခန်းထဲက ထွက်ခွာသွားသည့်ခြေသံက ဆက်တိုက်ဆိုသလိုထွက်လာသလို သူ့အမေ ရဲ့ သက်ပြင်းချသံကိုလည်းကြားလိုက်ရသည်..။

" မင်း.. ငါ့ သား ကို ဒီလောက်ပဲ ဒုက္ခပေးတော့..."

သူ့ အဖေ က သူ့ကို ပွေ့ဖက်ထားလိုက်ပြီး သူ့အမေကို အော်ဟစ်သတိပေးလိုက်သည်.. သို့သော် သူ့အသံတွေက တုန်ယင်နေသည်...။

" ဟက်..ဒုက္ခ ပေးတယ်တဲ့လား..?! ငါ သား ကို လူ့လောကထဲဘယ်လိုနေထိုင်ရမလဲဆိုတာ သင်ပေးနေတာ... ငါတို့ သူ့နား မရှိတော့တစ်နေ့ ကြရင် နင်တို့ ငါ့ စေတနာ ကို နားလည်လိမ့်မယ်... သူ အသက်ရှင်သန်ချင်တယ်ဆို အစစအရာရာ သတိထားရမှာ အစာတစ်လုပ် ရေတစ်စက် အအိပ်တစ်ချက် က စလို့ သူ အမြဲသတိရှိနေရမှာ.. သူ့ရန်သူက သူ့ကို အချိန်မရွေး နေရာမရွေးတိုက်ခိုက်လာနိုင်တယ်.... "

Top SecretWhere stories live. Discover now