-14-

277 31 7
                                    


" အစ်ကိုကြီး ...ချန်းဂျွန်လေး ကိစ္စကို ဒီအတိုင်းပြီးလိုက်တော့မှာလား.."

ယွန်းအင်ယောင်း က ပြောလိုက်တော့ ယွန်းဂီထယ်ကသူ့ညီမကို စိတ်တိုင်းမကျသည့်ဟန်ဖြင့်စိုက်ကြည့် နေသည်..။ ဒီအတိုင်းလက်သင့်မခံလိုက်လို့ရော သူ ဘာတတ်နိုင်ဦးမည်နည်း..။ သူ အခင်းဖြစ်ပွားရာအနီး တစ်ဝိုက်ကို ရဲတွေထက်ပင် ပိုက်စိပ်တိုက် စုံစမ်းစစ်ဆေးခဲ့သည်..။ တကယ့်ကို သံသယဖြစ်စရာတစ်စုံတစ်ရာ ရှိမနေဘဲ..အကုန်လုံးက တိုက်ဆိုင်မှုချည်းသက်သက်ပါဟု ရှာဖွေတွေ့ရှိခဲ့သည်..။

" အဲ့ဒီသောက်ကောင်လေးက ကံကိုကောင်းလွန်းနေတာ.."

ယွန်းဆူယောင်းက မခံချိမခံသာဖြစ်စွာ ဝင်ပြောလာသည်..။ ယွန်းဂီထယ်တို့ မောင်နှမလေးယောက်က သူတို့ကသူတို့ ပထမ ပင်မ မိသားစုဟု အမြဲဂုဏ်ယူခေါ်ဝေါ်တတ်သည်..။ သူတို့က အခုလက်ရှိ YN ဥက္ကဌ ကြီးနဲ့ သွေးတစ်စက်ကလေးမှ မရောသလို မိထွေးဖြစ်သူနဲ့ ဦးလေး မှမွေးထားသည့် ကလေးတွေကိုလည်း မကြည်ဖြူကြ..။

ယွန်းဂီထယ်သည် ကွယ်လွန်သွားပြီဖြစ်သော YN ဥက္ကဌဟောင်း ရဲ့ သားကြီး ဖြစ်ပေမယ့် မိထွေးဖြစ်သူက ဖခင်၏ညီဖြစ်သူ သူ့ဦးလေး နဲ့ထပ်မံလက်ဆက်လိုက်သည့်အတွက် ရပိုင်ခွင့်နဲ့လုပ်ပိုင်ခွင့်တို့သည် သူတို့ ဦးလေးဆီရောက်သွားခဲ့ပြီး ဦးလေးဆုံးပါးသွားသည့်အခါ မိထွေးသည် အားလုံးကို လက်ဝါးကြီးအုပ်ပစ်ခဲ့ သည်ဟု တွေးမှတ်ထားခဲ့ကြသည်..။

ထို့ကြောင့် လက်ရှိ YN ဥက္ကဌ ယွန်းမီအိုဂ့် ကွယ်လွန်ခဲ့သည့်ရှိသော် သူမ၏ သားဖြစ်သူ ယွန်းဂန်ဟျွန်းက အမွေအားလုံးဆက်ခံသွားမှာကိုသူတို့ကြောက်ကြသည်..။ တစ်ဖန် ယွန်းဂန်ဟျွန်း သည်လည်း အိမ်ထောင်မရှိ လူပျိုကြီးဖြစ်သည့်အတွက် တူအရင်းခေါက်ခေါက် ဆော့ဝူဟျွန်း သည် အလိုလိုနေရင်း အမွေဆက်ခံသူ စာရင်းဝင်လာပြန်သည်..။ ထို့အတွက် သူတို့အခေါ် ယွန်းစံအိမ်တော်၏ ဒုတိယ မိသားစုသည် သူတို့အတွက် မျက်စိထဲဝင်နေသည့် သဲပမာ . အလားသဏ္ဍန်တူနေသည်..။

" တီတီကြီးနဲ့တီတီလေး သတိထားမိလား.. ဆော့ဝူဟျွန်းက တခြားမြို့တော်က ပြန်လာပြီးကတည်းက အရမ်းပြောင်းလဲသွားတယ်.. "

Top SecretWhere stories live. Discover now