-23-

298 33 28
                                    


*ဂျိန်း

မိုးခြိမ်းသံအလား တံခါးဆောင့်ပိတ်သံကြောင့် ဂယူဗင်း ကားထဲဝင်လာသူကို ကြည့်လိုက်သည်...။ ထိုသူက မည်သူဖြစ်နိုင်ဦးမည်နည်း...။ သေချာပေါက် ဟန်ဝေ့ချန်ပင်...။

" ဘာလုပ်တာလဲ.... အခုဆင်းလိုက်.. "

တစ်ဖက်လူက သူ့စကားအား အလေးထားစွာ safety belt တောင် ကောက်တပ်လိုက်သေးသည်..။

" ဘာလို့ ဖုန်းမဆက်တာလဲ .. ဖုန်းနံပါတ် ပေးလိုက်တာကို "

" ဖုန်းဆက်မယ်လို့ မပြောခဲ့ဘူး.."

ဂယူဗင်း ရဲ့ပုံစံက အေးတိအေးစက်နိုင်သလို စကားလုံးတွေကလည်း တိုတိုပြတ်ပြတ် နဲ့ ဝတ်ကျေတန်းကျေလေး တောင် ဖော်ရွေမနေ..။ ဝေ့ချန် တော်တော်လေး စိတ်ကသိကအောက်ဖြစ်ရသည် ဒီ ဂယူဗင်း ဆိုတဲ့ သူက ကိုင်တွယ် ရခက်လိုက်တာ..။

" လူတွေက မင်းအကြောင်းလာလာ မေးကြပေမယ့် ငါ့ မှာ ဖြေစရာမရှိဘူးလေ ..အဲ့ဒါက အရမ်း အောက် တယ်လို့ ခံစားရတယ်..."

" ဟ... ဟာသပဲ...ဒီက သခင်လေး အောက်သက်သက် ခံစားရတာ ကျွန်တော် နဲ့ ဘာဆိုင်လို့လဲ...အာ.. မဟုတ်မှ ဟန်ဝေ့ချန် က ကျွန်တော့်ကို စိတ်ဝင်စားလို့လား.. မင်း နဲ့ အိပ် ပေးရမှာလား...ONS ပြဿနာ ရှင်းပေးနိုင်ရင်... ကျွန်‌တော်က အိုကေတယ်.."

ဂယူဗင်း ရဲ့ အောက်လုံးဆန်တဲ့ ထိုးနှက်မှုကြောင့် ဟန်ဝေ့ချန် နှာခေါင်းထဲ ချဉ်တူးလာသလို ဒေါသအလိပ်လိုက် ထွက်ရသည်..။ ဂယူဗင်း ကော်လံ နှစ်ဖက်ကို လက်တစ်ဖက်တည်းဖြင့်ဆောင့်ဆွဲကာ ထိုးဖို့ပြင်လိုက်တော့ တစ်ဖက်လူက အဖိနှိပ်ခံတစ်ယောက်လို ခေါင်းမော့ကာ ပါးထိုးပေးသည်..။

" မင်း လို အရည်အချင်း မျိုးကို ဒီလို အောက်တန်းကျတဲ့နေရာမှာပဲ မင်း သုံးတတ်တာလား ဂယူဗင်း.. ငါ လူမှားကြည့်မိသွားတာပဲ.."

ဝေ့ချန်က သူ့ဒေါသသူပြန်ထိန်းကာ လက်သီးကိုချပြီး ဂယူဗင်း ရင်ဘတ်ကိုသာ ဆောင့်တွန်းလိုက်သည်..။ ထိုနောက် စိတ်ဆိုးမာန်ဆိုးဖြင့် ရှုးရှုးရှားရှားဖြစ်ကာ ကားပေါ်ကနေဆင်းသွားသည်..။

ဟန်ဝေ့ချန် ဆင်းသွားတော့မှ ဂယူဗင်း တစ်ယောက် သူ လိုက်ဖို့ရည်ရွယ်ထားသည့် ဆီသို့ မောင်းထွက်သွား‌တော့ သည်..။

Top SecretWhere stories live. Discover now