-22-

294 36 104
                                    


" ဝူဟျွန်း....ကိုယ် နဲ့စကားပြောရအောင်..."

ဟာနူးလ် က ဟန်ဘင်း နဲ့ဝူဟျွန်း ပြိုင်ကွင်းကနေထွက်လာသည်အထိ စောင့်ပြီး ဝူဟျွန်းကို တွေ့သည်နှင့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ တစ်နေရာရာသို့ ဆွဲခေါ်သွားမည့်ဟန်...။

ဘရိုင်ယန် ကတော့ ဟာနူးလ် လုပ်ချင်တာကို ဟန့်တားမည့်အရိပ်အယောင်လုံးဝမတွေ့ရဘဲ သူ့ပြိုင်ကားကို သာ လက်ပိုက်မှီထားကာ ဘာပဲဖြစ်နေနေ လက်ပိုက်ကြည့်နေမည့်ပုံစံ...။

ဆိုတော့ကား ဟန်ဘင်း က ပိုလို့တောင် ဘေးလူပိုဆန်သည့်အတွက် ဝင်တားဖို့ စိတ်ကိုမဝင်စားတော့...။

"မတားဘူးလား ဆောင်းဟန်ဘင်းရှီး "

ဟာနူးလ် ကားလေး မြင်ကွင်းထဲကပျောက်ကွယ်သွားတော့ ဘရိုင်ယန်က စီးကရက်ကို နှုတ်ခမ်း ခပ်ဖွဖွ ကိုက်ကာ ဟန်ဘင်းနားလျှောက်လာပြီး စီးကရက်ဘူးကို ကမ်းပေးပြီး မေးလာသည်..။ ဟန်ဘင်း တစ်ဖက်လူရဲ့အမေးကို ခေါင်းခါပြလိုက်ပြီး စီးကရက်ဘူးကိုလည်း လက်ကာ ပြီး တားလိုက်သည်...။

" တားသင့်တဲ့ သူက.. ဘရိုင်ယန်ရှီး လို့ ကျွန်တော်တော့ ထင်တာပဲ "

ဘရိုင်ယန် က မီးခြစ် ချောက်ခနဲမည်အောင်ဖွင့်ပြီး မီးညှိနေသည်.. ဟန်ဘင်း စကားကိုအလေးမထားဟန်..။

" ... ကျွန်တော်က ဟာနူးလ်အတွက် အတိတ် ဖြစ်သွားတဲ့ သူကို စိတ်မဝင်စားဘူး.."

စီးကရက်ကို တစ်ချက်ရှိုက်ဖွာပြီးမှ ဘရိုင်ယန် က ဇာတ်လမ်းတွေထဲက ဂန်းစတားတွေစတိုင် နဲ့ ပြောလာသည်..။

" ဟင်း.... အတိတ်က လူကို စိတ်မဝင်စားဘူးတဲ့လား??..."

ဟန်ဘင်းက စိတ်ကုန်နေသလို လုပ်ရယ် ရယ်လိုက်သည်...။ လေသံ က ခနဲသံပေါက်နေသည့်အတွက် ဘရိုင်ယန် မနှစ်မြို့သလို ခံစားလိုက်ရသည်...။ မကောင်းတဲ့ခံစားချက်တွေကို ပေးစွမ်းနေသည်..။

မျက်စိရှေ့က လူက ကားမောင်းပြိုင်ပွဲမစခင်အချိန်တုန်းက တလောလုံးကို သူဘာမှမသိ ဘာမှတတ်သည့် လူလတ်တန်းစား အရာရှိငယ်ပါလို့ မောင်းခတ်မကြေညာရုံတမယ် မျက်နှာဘေး ဖြစ်ပေမယ့်.. အခုချိန်မှာတော့ ဘရိုင်ယန် လို နောက်ခံရော.. Third gender ပါ ထိပ်ဆုံးအဆင့်ရပ်တည်နေတဲ့ သူကို ခနဲ့စကားပြောရဲနေသေး သည်..။

Top SecretWhere stories live. Discover now