-25-

324 41 40
                                    


" ကိုကို ~~~ "

ဟန်ဘင်း မိဘ တွေက ဒီ မိဘမဲ့ရိပ်သာကိုအပတ်တိုင်း လာရောက်ပြီး ကူညီပေးရှိသည်..။ သူ့ကိုလည်း အမြဲခေါ်လာတတ်သည်...။ ဒီနေ့ကတော့ တခြား သူဌေးတွေ ရောက်နေလို့ မျက်စိရှုပ် နားရှုပ်နဲ့မို့ သူ အရိပ်ရပင်ကြီး အောက်မှာတင်ပုလ္လင်ခွေထိုင်ကာ စာအုပ်ဖတ်နေခဲ့သည်။

သူ့စိတ်အစဉ်ဟာ စာဖတ်ခြင်းမှာ ပျော်မွေ့နေခိုက် အသံစာစာ နဲ့အော်ခေါ်သံကြောင့် အသံလာရာသို့ ခေါင်းမတ်ကာ ရှာဖွေကြည့်မိသည်...။ ပန်းမိတ်ကပ်ရောင် စွယ်တာလက်ရှည်လေး နဲ့အဖြူရောင်ဘောင်းဘီရှည် ကိုတွဲဖက်ဝတ်ဆင်ထားသည့် ကလေး တစ်ယောက်က တစ်ယောက်ယောက်ကို အသည်းအသန်ရှာဖွေနေသည်..။

မှတ်ဉာဏ်လည်းကောင်း အမြင်အာရုံလည်းကောင်းသည့် ဟန်ဘင်း က ထိုကလေးဟာ မနှစ်က သူတံတားပေါ်မှာ တွေ့ခဲ့သည့် ကလေးလေး ဆိုတာကို တစ်ခါတည်းမှတ်မိလိုက်သည်..။ ဟန်ဘင်း ရှင်းရှင်းလင်းလင်းကို မှတ်မိ သည် ထိုနေ့က အဲ့ဒီကလေးက တံတားပေါ်ကနေ ခုန်ချဖို့လုပ်နေခဲ့တာ... သူ သာ ရူးချင်ယောင်ဆောင်ပြီး မတားခဲ့ရင် တံတားပေါ် ကနေ တကယ်ခုန်ချလိုက်မလားပဲ..။

၁၁ နှစ်အရွယ် သူ့လိုဉာဏ်ကောင်းသည့် ကလေးမျိုးက ဘယ်လိုလုပ် ငိုကြီးချက်မ နဲ့လမ်းပျောက်ကို ပုံကြီးချဲ့မည်နည်း..။ သူ့အဖေ နဲ့အမေ က တံခါးအောက်ဘက်မှာ ကားပျက်လို့ service ခေါ်ပြင်နေတုန်း သူက ဟိုနားဒီနား လျှောက်သွားဦးမယ်ဟု သူ့အမေ နဲ့ အမေ ကိုပြောပြီး လမ်းလျှောက်နေရာက ထိုကလေး နဲ့တွေ့ဆုံခဲ့ခြင်းပင်..။

" ဟိုင်း ~~ ငါတို့ ပြန်တွေ့ကြပြန်ပြီ... "

အတွေးကိုရပ်ပြီး ဖတ်လက်စ စာအုပ်ကိုပစ်ထားခဲ့ကာ ဟန်ဘင်း ထိုကောင်လေးရှိသည့်နေရာသို့ အပြေးသွားကာ လက်ပြနှုတ်ဆက်လိုက်ပေမယ့် ကောင်လေးကတော့ သူ့ကို လူစိမ်းတစ်ယောက်ကို တွေ့သလို သတိချပ်ကာ နောက်သို့ ၃ လှမ်းလောက်ဆုတ်ကာ မျက်မှောင်ကုတ်ပြီး သူ့စကားအပေါ် တစ်ခုခုတွေးနေသလိုပင်..။

" ငါ မင်း ကို မသိပါဘူး...."

" မနှစ်က ငါ တံတားပေါ်မှာ လမ်းပျောက်တုန်းက မင်း ကူညီပေးဖူးတယ်လေ..."

Top SecretWhere stories live. Discover now