-24-

297 42 34
                                    


" ဒူးထောက် ! "

ယွန်းဂီထယ် ရဲ့အသံက မာရည်ကျောရည် နဲ့ပင်... သူ့သား ယွန်းချန်းဆူ ကို ဟန်ဘင်းရှေ့ ဒူးထောက်ခိုင်း လိုက်သည်..။ ဧည့်ခန်းထဲမှာတော့ ဥက္ကဌကြီး ယွန်းမီအိုဂ့် ရယ် ၊ ယွန်းဂန်ဟျွန်း ၊ ယွန်းဂီထယ် ၊ ဝူဟျွန်း နဲ့ ဟန်ဘင်း တို့ သာရှိသည်..။ ယွန်းချန်းဆူ အံကြိတ်သံကြီးက သွားကြွေတွေတောင် ပဲ့သွားမလားထင်ရသည်..။

"ဒီလောက် မလိုပါဘူး အစ်ကို ချန်းဆူ ..တစ်မိသားစုတည်းပဲဟာ.. ဒါဟာ အထင်လွဲမှုတစ်ခုလည်းဖြစ်နိုင်တာပဲ.."

လက်သီးနှစ်ဖက်ကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားပြီး တဖြည်းဖြည်း ဒူးထောက်ချဖို့ ပြင်လိုက်ချိန်မှာပဲ ဟန်ဘင်း က လှမ်းတားလိုက်တာကြောင့် ချန်းဆူ မအီမလည်ရုပ်နဲ့ ပြုံးပြလိုက်သည်..။ နဘေးက ဝူဟျွန်းကတော့ ဟန်ဘင်းကို အဲ့လိုလုပ်ရကောင်းမလားဆိုတဲ့သဘောနဲ့ တံတောင် နဲ့လှမ်းတွတ်သည်..။ သို့သော် သွေးလွှမ်းနေသလို စူးစူး ရှရှပြန်ကြည့်လိုက်သည့် ဟန်ဘင်းကြောင့် ဝူဟျွန်း ဘာစကားမှတော့ ဝင်မပြောခဲ့..။

" ဒါပေါ့...ဒါပေါ့...ဟန်ဘင်း စကားက အမှန်ပဲ... တစ်မိသားစုချင်းပဲဟာ ချစ်စကိုရှည်စေ မုန်းစကိုတိုစေ ဆိုသလိုပေါ့.. ဟန်ဘင်းက သဘောထားကြီးသားပဲ.... "

ဥက္ကဌကြီး ယွန်းမီအိုဂ့် ကသိပ်ကျေနပ်သည့်အမူအရာ မရှိသည့်တိုင် ကြင်နာသောလူကြီးတစ်ယောက်လေသံဖြင့် ဟန်ဘင်းကို ချီးကျူးစကားပြောလိုက်သည်..။ ယွန်းဂန်ဟျွန်း အမူအရာကတော့ ခက်ထန်နေတကာ ယွန်းဂီထယ် နဲ့ အကြည့်ချင်းတိုက်ပွဲဖြစ်နေဆဲ..။

" ဆောင်းဟန်ဘင်း က သဘောထားကြီးပေမယ့် ကျွန်တော်ကတော့ သဘောထားမကြီးနိုင်ဘူးလေ.. ဒါက အဲ့ဒီ ဘေး ကနေ လွတ်လာလို့ ဒီစကားထွက်နိုင်တာလေ... မလွတ်လာခဲ့ရင် ကျွန်တော်က ကြားထဲက လက်ထက်ပွဲ အစား ဈာပန ပွဲတက်နေရမှာမဟုတ်လား...စျာပန မဟုတ်ရင်တောင် ကျွန်တော်က ဒုတ္ခိတကို လင်တော်ရနိုင် တယ် လေ..."

ဝူဟျွန်း အပြောကြောင့် သူ့အဖွားနဲ့ဦးလေးက သဘောကျသွားသလို မျက်နှာတွေက တင်းမာနေရာက ပြေလျော့ လာကြပေမယ့် ဟန်ဘင်းကတော့ ကြက်သီးထကာ ခြေထောက်တွေတောင် ယားကျိကျိဖြစ် လာသည်..။

Top SecretWhere stories live. Discover now