-10-

266 46 5
                                    


" ဆောင်းဟန်ဘင်း !! မင်း.. ငါ့ကို သွေးတက်ပြီး သေစေချင်နေတာလား..? ဟမ်?!"

ရဲမှူး ဒေါသတကြီးစကားတွေကြောင့် ဆောင်းဟန်ဘင်းတို့မနက်ခင်းကို တံတွေးနဲ့မျက်နှာသစ်ရပြန်သည်..။

" ကျွန်တော် နည်းလမ်းကျကျမေးလိုက်တာ ဘာမှားလို့လဲ.."

ဟန်ဘင်း မျက်လုံးလှန်ပြီ ပြန်မေးလိုက်တော့ ရဲမှူးက ခေါင်းကိုမော့လို့သူ့လည်ဂုတ်သူပြန်ကိုင်ပြီး ဆုံလည်ကုလားထိုင်ပေါ် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်..။

" မတော်မတရားအကျင့်ခံရခါနီး Omega တစ်ယောက်ကို ကြိုတင်ကြံစည်ပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်ခဲ့လား မေးတာ ဘယ်လိုတောင် ဦးနှောက်မရှိတဲ့ လုပ်ရပ်လဲ..?.. အဲ့တာတောင် မင်း မမှား ဘူးတဲ့လား..ဟမ်.. ဟိုက Third Genre အဖွဲ့အစည်းကို တိုင်လိုက်ရင် မင်း ထုချေလွှာရေးတာနဲ့တင် ပြီးမယ်ထင်နေလား..."

"Omega ဖြစ်တိုင်း အားနည်းတယ် ယူဆပြီး လူသတ်တရားခံမဖြစ်နိုင်ဘူးလို့ ယူဆလို့မရဘူးလေ... လောကမှာ အားနည်းတယ်ဆိုတာကို ဗန်းပြပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်တဲ့ လူတွေလည်း ရှိတာပဲ.. Omega ဖြစ်လို့ စစ်ဆေး မှုကို လျှော့ပေါ့ပေးလို့မရပါဘူး.. "

ဟန်ဘင်း နည်းနည်းလေးတောင် အလျော့မပေးဘဲ သူ့လုပ်ရပ်မှန်ကန်ကြောင်းကို ဆက်ပြောနေသည်..။ သူ့ ရဲ့အာ့လို အချက်ကြောင့် အထက်အရာရှိတွေရဲ့မျက်မုန်းကျိုးခြင်းခံရတာမဆန်းလှ...။ ဒါကြောင့်လည်း ဒီလောက်နှစ်တွေအကြာကြီးအထိ သူ ရာထူးမတတ်နိုင်တာပဲကြည့်လေ..။ သို့သော် ဆောင်းဟန်ဘင်း ဆိုသည် သူက အဲ့ဒီလိုတွေ နည်းနည်းလေးမှ အမှုမထား..။

အထက်အရာရှိရဲ့ချစ်ခင်မှုဆိုတာက ကမ်းနားကသစ်ပင်တွေလိုပဲ တည်မြဲတယ်ဆိုတာမရှိဘူး.. လျင်လျင်မြန်မြန်ပဲ ပြိုလဲတတ်ကြတယ်မဟုတ်လား..။

" မင်း မှာ ဘာသက်သေရှိလို့လဲ.. မင်း ပြောတာတွေက မင်းယူဆ ချက်သက်သက်ပဲလေ... "

" အဲ့ဒါကြောင့် ဒီအတိုင်း ကိုယ့်ကိုကိုယ် ကာကွယ်မှုနဲ့ပဲ အမှုမပိတ်ဖို့ ကျွန်တော် လာပြောနေတာ မဟုတ်လား ရဲမှူး.. ကျွန်တောာ့်ကို ရက်နည်းနည်းလောက် စုံစမ်းခွင့်ထပ်ပေးပါ.."

Top SecretWhere stories live. Discover now