အပိုင်း(၁၉)

1.9K 32 0
                                    

Unicode

" လွန်း... လွန်း နေပါဦး "

" မင်း... လိုက်မလာနဲ့ "

ရှိုင်းစိတ်မရှည်ကာ လွန်းလက်အား လှမ်း‌ဆွဲမိတော့

" မင်း ငါ့လက်ကိုလွှတ်စမ်းရှိုင်း... သူများတွေအထင်လွဲကုန်မယ် "

" လွဲပါစေပေါ့ စောက်ဂရုမစိုက်ဘူး "

" မင်း! လွတ်လို့ပြောနေတယ်နော် "

" မလွှတ်ဘူးဗျာ "

" မင်းဘယ်လိုဖြစ်နေတာလဲ ရှိုင်း... "

ရှိုင်းအား စိုက်ကြည့်ကာ မေးခွန်းထုတ်မိပြန်ပါတော့ ရှိုင်းကလွန်းလက်အား တင်းကြပ်စွာဆုပ်ကိုင်ထားသည်မှာ လွတ်ထွက်သွားမည့်အတိုင်း...

" ဘယ်လိုဖြစ်ဖြစ်ပေါ့ဗျာ စိတ်မဆိုးပါနဲ့နော် တောင်းပန်တယ်လို့နော် မတော်တဆအော်မိသွားတာပါ "

" ဘယ်သူကစိတ်ဆိုးနေလို့လဲ "

" အဟားးး ခင်ဗျားစိတ်ဆိုးနေတာ ကလေးတောင်သိတယ် "

သဘောတကျရယ်ကာ ထပ်မံစကားဆိုမိပြန်သည်။ လွန်းက ရှိုင်းနှင့်မျက်နှာချင်းဆိုင်ရပ်ကာ

" ဘယ်မှာလဲ ကလေး ဘယ်သူမှမဖြစ်ဘူး "

" စကားအဖြစ်ပြောတာ ကျုပ်ကိုမရွဲ့နဲ့လွန်း "

" ရွဲ့တော့ဘာဖြစ်လဲ "

ထပ်ဆိုပြီး တစ်ဖက်လှည့်ကာ ရှိုင်းလက်ထဲမှ မိမိလက်အား ပြန်ယူဖို့ကြိုးစားတော့

" ဘာ... ဘာလုပ်တာလဲ လွှတ်ပါ "

မိမိလက်အားဆောင့်ဆွဲလိုက်တာကြောင့် မိမိကိုယ်လေးက ထိုသကောင့်သားရင်ခွင်ထဲ တိုးဝင်လိုက်သလိုပင်ဖြစ်သွားရသည်။ မိမိခါးပေါ်လက်အပ်ကာ ပြုံးနေသောရှိုင်း...

" ရှိုင်း... ငါ.... "

ထပ်မံတင်းကြပ်စွာဖက်လိုက်ချိန်မှာတော့ နှစ်ဦးသား၏ မျက်နှာကနီးကပ်သွားရတာမို့ လွန်းတစ်ဖက်သို့လှည့်ထားမိသည်။

" ကျုပ်ခင်ဗျားကို ရွေးချယ်စရာပေးမယ် "

" ဘာလဲ "

ရှိုင်းစကားအား အံ့ဩစွာ တစ်ဖက်လှည့်ထားရာမှ ပြန်လှည့်လာတော့ ရှိုင်း၏ နှာခေါင်းထိပ်‌ေလးအား သူ့နှာခေါင်းလေးဖြင့် ပွတ်ဆွဲမိသွားတော့ ခေါင်းအား ပြန်လွှဲရင်း ဖြေမိသည်။

MY Bad Elder Brother...Where stories live. Discover now