Unicode
ရှိုင်းက အဖေဖြစ်သူဆီက အထိုးခံရလို့ပေါက်သွားတဲ့ နှုတ်ခမ်းကို လက်မနှင့် အရေးမပါသလို ဖိသုတ်လိုက်သည်။ ပုံစံကိုက နည်းနည်းမှထောင့်မကျိုး။ မျက်နှာအမူအရာမှာ
လည်း နောင်တရသွားတာမျိုးမရှိ။" မိဘမျက်နှာကို အိုးမဲသုတ်တဲ့ကောင်! မင်းကြောင့် ငါတို့ခွေးဖြစ်သွားပြီကွ အရိုင်းအစိုင်းကောင်!မင်းကို သင်ပေးထားတဲ့ပညာတွေကို ဘယ်နားမှာ သွားသုံးစားမှာလဲ ဟမ်! အဲ့လောက်အောက်တန်းကျတဲ့ အလုပ်မျိုးလုပ်ရအောင်မင်းမှာအသိတရားနည်းနည်းမှမရှိဘူးလားဟမ်!တော်တော် မိုက်ရိုင်းတဲ့ကောင် "
" တော်ပါတော့ ဖေဖေရာ ကျွန်တော့်အမှားတွက် တောင်းပန်ပြီးပြီဘဲ ၊ ပြီးတော့ တာဝန်ယူဖို့လည်း ပြောပြီးပြီ "
" ဘာကွ! ဒါ တောင်းပန်ရုံနဲ့ပြီးသွားမဲ့ကိစ္စလား မင်း! ငါကွာ... စိတ်ရှိလက်ရှိသာဆိုရင်တော့ ငါမင်းကို သတ်မိတော့မယ် "
" ကျစ်! နားငြီးလိုက်တာ "
ရှိုင်းတစ်ယောက် ခေါင်းအား တဗျင်းဗျင်းကုတ်ပြီး အောက်ငုံ့ကာ တိုးတိုးဆိုလေတော့
" ဘာကွ! မင်း! တောက်! ပြင်ထား မင်းကျောင်းထွက်တော့ ငါမင်းကို ပြင်သစ်ပို့မယ် မင်းပြင်သစ်မှာ ကျောင်းတက်ပြီး စောက်ချိုးတွေပြင်ခဲ့စမ်း ဟေ့ကောင်! "
" ဗျာ! ကျွန်တော်မသွားချင်ဘူး ဖေဖေ "
" မင်း သွားကိုသွားရမယ် ငါ့ကို အတွန့်လာမတက်နဲ့ သွား ခုချက်ချင်း အဝတ်အစားတွေသွားသိမ်း မင်းမျက်နှာကို တစ်ရက်လေးတောင် ပိုမမြင်ချင်တော့ဘူး ဟေ့ကောင် "
" ဖေဖေ ကျွန်တော်... "
" တောက်! မင်း လူကမွေးရင် လူစကားနားလည်စမ်းပါ "
" ကျစ်! ပြီးရောဗျာ "
ဖေဖေက အလိုမကျသည့် မျက်နှာနှင့် အခန်းထဲကထွက်သွားပြီး တစ်ဖက်ခန်းထဲဝင်သွားတဲ့ သားဖြစ်သူကိုကြည့်ကာ လွန်းအား အားနာနေမိသည်။
" တောက်! "
" စိတ်ကိုလျှော့ပါ ကိုရယ် ကျွန်မတို့ လွန်းကို ဘယ်မှာရှာကြမလဲ "
YOU ARE READING
MY Bad Elder Brother...
Roman d'amour" အတိတ်ကအတိတ် ၊ ပစုပ္ပန်ကပစုပ္ပန် ၊ အနာဂိတ်ကအနာဂတ်.. ဘယ်အရာမှ ကျုပ်စိတ်မဝင်စားဘူး... ဒါမဲ့ ခုလက်ရှိမှာ ရှိနေတဲ့ခင်ဗျား ၊ ပစုပ္ပန်ကခင်ဗျား ၊ အနာဂတ်ကခင်ဗျား.. အရာအားလုံးကို မြတ်နိုးတယ် ခင်ဗျားနဲ့ပတ်သက်တာမှန်သမျှ ကျုပ်ချစ်တယ်... " " ... "