" သား ဘယ်သွားမလို့လဲ စောစောစီးစီး "
" လေဆိပ်သွားမလို့ပါ "
" ဟေ လွန်းဖုန်းဆက်လာလို့လား "
" မဟုတ်ပါဘူး ကြိုစောင့်ချည်မလို့ ကျွန်တော်စိတ်မချဘူး "
" အော် အေးပါ ကားကိုဖြည်းဖြည်းမောင်းသွားဦး "
" ဟုတ် သွားပြီ "
ဖေဖေ့ကိုနှုတ်ဆက်ပြီးသည်နှင့် အိမ်မှထွက်လာခဲ့လိုက်သည်။ ခုချိန်က မနက်ဆိုပေမဲ့ ဆောင်းရာသီမို့ လင်းထင်းနေတာမျိုးမဟုတ်ဘဲ နှင်းတွေနဲ့ဖုံးလွှမ်းနေပြီး ညိုမှိုင်းနေသည်။
ရှပ်လက်ရှည်အဖြူနှင့်styleဘောင်းဘီအနက်ကိုသာ ဝတ်ဆင်ထားတဲ့ရှိုင်းက ကားထဲမှာမို့ သိပ်တော့မချမ်းပေ။ လေဆိပ်ကိုသာဦးတည်မောင်းသွားလိုက်ပြီး ကားကိုပါကင်ထိုးလိုက်သည်။" မဂ်လာပါ အကို ဘာလိုအပ်လို့ပါလဲ "
စာရင်းကိုင်ကောင်မလေးတစ်ယောက်က ရိုရိုသေသေနှုတ်ဆက်လာသည်။
" လူလာစောင့်တာပါ ဒီမနက်ဝင်မဲ့လေယာဉ်မှာ အသိပါလို့ "
" ရှင်! အချိန်မှားနေတာလားရှင့် လေယာဉ်က တစ်ဖက်ကနေ လွန်ခဲ့တဲ့ ၅မိနစ်လောက်ကဘဲ စထွက်ခဲ့တာပါ "
" မမှားပါဘူး ကြိုစောင့်ချင်လို့ "
" အာ အဲ့လိုလား ဟိုဘက်မှာ ထိုင်လို့ရပါတယ် "
" ကျေးဇူးပါ "
ထိုကောင်မလေးညွှန်းလိုက်သည့် နေရာတွင် ထိုင်နေလိုက်သည်။ လေဆိပ်ရုံထဲမို့ထင်ပါရဲ့ လေသိပ်မဝင်လို့ သိပ်မချမ်းပေ။ တဖြည်းဖြည်းနေရောင်ထွက်စပြုလာပြီး လူတစ်စတစ်စများပြားလာခဲ့သည်။
တီ...တီ...တီ
" လေယာဉ်ဆိုက်ရောက်ပါပြီခင်ဗျာ ဧည့်သည်တို့ ပါလာတဲ့ပစ္စည်းတွေကို ယူပြီးရင် ခုံနံပါတ်အလိုက်ဆင်းခဲ့ပေးပါ "
ကောင်လေးတစ်ယောက်က လေယာဉ်ပေါ်မှ လုဆင်းမည်ဆိုး၍ ခုံနံပါတ်အလိုက်ဆင်းဖို့ အော်လိုက်သည်။
" လွန်း "
" ... "
" ခင်ဗျားးး ပိန်သွားလိုက်တာ "
YOU ARE READING
MY Bad Elder Brother...
Romance" အတိတ်ကအတိတ် ၊ ပစုပ္ပန်ကပစုပ္ပန် ၊ အနာဂိတ်ကအနာဂတ်.. ဘယ်အရာမှ ကျုပ်စိတ်မဝင်စားဘူး... ဒါမဲ့ ခုလက်ရှိမှာ ရှိနေတဲ့ခင်ဗျား ၊ ပစုပ္ပန်ကခင်ဗျား ၊ အနာဂတ်ကခင်ဗျား.. အရာအားလုံးကို မြတ်နိုးတယ် ခင်ဗျားနဲ့ပတ်သက်တာမှန်သမျှ ကျုပ်ချစ်တယ်... " " ... "