အပိုင်း(၈)

3.2K 56 2
                                    

Unicode

လွန်းငယ်တစ်ယောက် ခြေဦးတည့်ရာ လျှောက်သွားနေမိသည်။ ရှိုင်းဆီ နှိပ်စက်ခံထားရတာကြောင့် အားပင်သိပ်မရှိ။ ည‌အမှောင် လမ်းမီးများကြောင့်သာ ဝင်းနေသော နေရာတွင် လေးပင်သော ခြေလှမ်းများဖြင့်..

" ဟူးးးး ပင်ပန်းလိုက်တာ သွားစရာနေရာလဲမရှိဘူး "

တောင်းပန်ပါတယ်မေမေရယ်။ ကျွန်တော့်အပြစ်ပါ။ မေမေတို့မုန်းတာခံရမဲ့အတူတူတော့ မမုန်းခင် ထွက်သွားတာက အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။

အဝတ်ထည့်ထားသော ခရီးဆောင်အိတ်အား လက်မှဆွဲကာ တဖြည်းဖြည်းလျှောက်လာရင်း ရပ်ကွက်တစ်ခုသို့ရောက်လာခဲ့သည်။ ညအချိန်မို့ အပြင်မှာ ဘယ်သူမှ မရှိပေ။ မီးများပိတ်ထားတာကြောင့် အားလုံးအိပ်နေပြီဆိုတာ သိလိုက်သည်။

လွန်းတစ်ယောက် ဘာဆက်လုပ်ရမှန်းမသိတာကြောင့် ထိုရပ်ကွက်ရှိ တံတားပေါ်တွင် ကုပ်ကာ ထိုင်နေမိသည်။
ရှိုင်းနှင့် ဒုတိယအကြိမ်ဖြစ်ပြီးသည့်ညက ရှိုင်းပင်ပန်းပြီးအိပ်ပျော်နေတာကြောင့် မည်သူမှမသိအောင် အဝတ်တွေသိမ်းကာ ထွက်လာမိသည်။ရှိုင်းကတော့ လွန်းအခန်းထဲတွင် ကျန်နေခဲ့လိမ့်မည်။ နောက်နေ့ကျ မေမေတို့ နဲ့ဘယ်လိုပြဿနာဖြစ်ဦးမယ်မသိ။

( တစ်ကိုယ်ကောင်းဆန်ပြီး ခေါင်းရှောင်သလိုဖြစ်သွားရင် တောင်းပန်ပါတယ် ပင်ပန်းလိုက်တာ အိပ်လဲအိပ်ချင်တယ်.... ဒီနေရာမှာ အိပ်လို့ဖြစ်.... )

ဆက်ပင်မတွေးနိုင်တော့ အိပ်မွေ့ချခံလိုက်ရသလိုပင်။ နှက်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

• • • • •

မနက်အချိန်ရောက်သောအခါ....

ဒေါက်... ဒေါက်...

" လွန်း သားရေ ထတော့ကွယ် နေမြင့်နေပြီ "

အပြက်ဘက်မှ တံခါးခေါက်ကာ အော်ခေါ်နေသော်လည်း ပြန်ဖြေသံမကြားတာမို့ ရှိုင်းအခန်းဘက်သို့လျှောက်လာလိုက်သည်။

ဒေါက်... ဒေါက်...

" သား ရှိုင်း ထတော့လေကွယ် "

ဒေါက်... ဒေါက်....

" မေမေဝင်ခဲ့ပြီနော် သား ရှိုင်း.. ထ... ဟင် ရှိလည်းမရှိပါလား "

MY Bad Elder Brother...Where stories live. Discover now