အပိုင်း(၃၅) unicode

1.5K 19 4
                                    

" လွန်း...လွန်းငယ် သတိထားပါဦး ကိုကို့! "

လွန်း၏ပုခုံးအားကိုင်လှုပ်ကာ အော်နှိုးသော်လည်း ဘာတုန့်ပြန်မှုမှမရှိပေ။

" ကျစ်! ကိုကို မောင်တောင်းပန်ပါတယ် "

နာရီဝက်ခန့်ကြာသော်

" အာ... ဒေါက်တာ ဒီအချိန်ကြီးဘာကိစ္စရှိလို့လဲ "

" ခင်ဗျားသား ကျွန်တော့်ကိုဖုန်းဆက်ခေါ်ထားလို့လာတာပါ သူကရော "

" အပေါ်ထပ်မှာပါ တစ်ခုခုများဖြစ်နေတာလား လာပါ ဒေါက်တာ "

မေမေကဦးဆောင်ကာ ဒေါက်တာ့ကိုလွန်းတို့အခန်းထိခေါ်လာခဲ့သည်။

ဒေါက်...ဒေါက်....

" သားတို့ ဘာဖြစ်ကြတာလဲ ဒေါက်တာရောက်နေတယ် မေမေတို့ဝင်ခဲ့မယ်နော် "

" မြန်မြန်ဝင်ခဲ့ပါ "

ရှိုင်း၏စကားကြောင့်ပို၍စိတ်ပူသွားပြီး အခန်းတံခါးကိုဖွင့်ကာ ဝင်လိုက်တော့ အပေါ်ဝတ်ဗလာဖြစ်နေသောသားငယ်နဲ့စောင်အောက်တွင်လည်း အပေါ်ဝတ်ဗလာနဲ့ချိနဲ့ကာ အားနည်းနေသည့်သားကြီး။

" အာ... ကျွန်မတို့ ဒေါက်တာ့အတွက် အအေးသွားဖျော်ပေးပါမယ် "

မေမေက အားတုန့်အားနာနှင့် ဖေဖေ့ကိုပါ အခန်းပြင်ဆွဲခေါ်လာခဲ့သည်။ အခန်းပြင်ရောက်တော့ ဖေဖေက

" မင်းဘာဖြစ်တာလဲ သားတို့ကိုစိတ်ပူတယ်ကွ လာပါပြန်ဝင်ရအောင် "

" ကဲ ရှင့်မယ်လည်း နားရှက်စရာတွေကြားချင်ရင် ဝင်သွား ကျွန်မတော့အအေးသွားဖျော်တော့မယ် "

" စောင့်ပါဦးကွာ ကိုယ်လည်းလိုက်မယ် "

ဖေဖေက မေမေ့နောက်ကပြေးလိုက်ကာ အောက်ထပ်ဆင်းသွားတော့သည်။

" ဘယ်လိုဖြစ်တာလဲ သားရှိုင်း "

" ကျုပ် ိုးတာကြမ်းသွားလို့ဖြစ်မယ် သတိလစ်သွားတယ် သေချာစစ်ပေးပါဦး "

" ဘယ်လို! အဟွတ်..! အဟမ်း ဟုတ်ပါပြီ ဦးလေးသေချာစစ်ဆေးပေးပါ့မယ် "

ရေမသောက်ဘဲသီးနေတဲ့ ဒေါက်တာ့ကို မျက်မှောင်ကြုတ်ကာ ရပ်ကြည့်နေလိုက်သည်။ ဒေါက်တာက ပြာပြာသလဲဖြင့် ဘယ်ကဘယ်လိုစစစ်ရမလဲပင်မသိတော့။

MY Bad Elder Brother...Where stories live. Discover now