မှိုင်းရဲ့ficလေးကို ဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျ
ပထမဆုံးအနေနဲ့ အပိုင်း(၁)ကနေ ဇာတ်သိမ်းတဲ့ထိ အမြဲတမ်းongoingလိုက်ပေးကြတဲ့ မှိုင်းရဲ့ရီဒါလေးတွေကို ကျေးဇူးတင်ပါတယ်ဗျ
ရီဒါလေးတွေပေးတဲ့ voteတွေcmtတွေကြောင့် အခက်အခဲရှိရင်တောင် အားတင်းပြီးရေးနိုင်ခဲ့တာပါ
ဒါကမှိုင်းရဲ့ ပထမဆုံးဖန်တီးမှုလို့ပြောရင်မမှားပါဘူး
အရင်တုန်းကတော့ နည်းနည်းပါးပါးရေးဖြစ်ခဲ့ပေမဲ့ မအားတာရော အချိန်မပေးနိုင်တာရောကြောင့် ဆက်မရေးဖြစ်ခဲ့ဘူး
အခုလည်း အချိန်ပေးနိုင်လို့ပြီးအောင်ရေးနိုင်ခဲ့တာတော့မဟုတ်ပေမဲ့ ဘေးကနေအားပေးပေးတဲ့သူငယ်ချင်းတွေလည်းရှိသလို wattpadကနေအမြဲစောင့်နေပေးတဲ့ ရီဒါလေးတွေလည်းရှိပါတယ် ဒါကြောင့်လည်း ရအောင်ရေးဖြစ်ခဲ့တာပါ။ အားပေးတဲ့သူငယ်ချင်းလေးတွေနဲ့ရီဒါလေးတွေကို မှိုင်းတကယ် ကျေးဇူးတင်ပါတယ်။
ဒီficလေးကို စရေးမယ်လို့တွေးတုန်းက နည်းနည်းတော့ကြောင်တောင်တောင်ဖြစ်ခဲ့ရတယ်။ဘာလို့ဆို ဇာတ်ကောင်နာမည်နဲ့ဇာတ်လမ်းနာမည်ဘဲ စဉ်းစားမိတာကိုး။ ဘယ်လိုဇာတ်အိမ်မျိုးရေးရမလဲဆိုတာက မစဉ်းစားရသေးဘူး ဇာတ်ကောင်တွေရဲ့ကိုယ်ရေးအကျဥ်းကအကုန်ပြည့်စုံပြီ။ ဇာတ်အိမ်ကိုအတိအကျစဉ်းစားလိုက်တော့ အချိန်တော့ပေးလိုက်ရပေမဲ့ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိခဲ့တယ်။
ကြိုပြီးတွေးထားတာမျိုးမဟုတ်တဲ့အတွက် အစပိုင်းမှာတော့ နည်းနည်းအဆင်ပြေခဲ့ပေမဲ့ တဖြည်းဖြည်းဇာတ်ကွက်တွေရှုပ်လာပြီး ခေါင်းတွေပါရှုပ်လာရတယ်။ တစ်ချို့ဇာတ်ကွက်တွေမပြည့်စုံတာမျိုးရှိနိုင်တာမို့ အားလုံးကိုတောင်းပန်လိုက်ပါတယ်။ နောက်ocတွေကျရင်တော့ ဒီထက်ပိုကြိုးစားပါ့မယ်
ရေးရင်းရေးရင်း မပိုင်း၂၀လောက်နဲ့လည်းမပြီးနိုင် ၃၀နဲ့လည်းမပြီးနိုင် နောက်ဆုံး၄၀နားနီးမှပြီးနိုင်သွားတယ်။
ကိုယ်တိုင်ဖန်တီးတဲ့ဇာတ်ကောင်မို့လားတော့မသိဘူး ဇာတ်ကောင်လေးတွေကို တကယ်မြတ်နိုးမိတယ် အထူးသဖြင့် လွန်းငယ်လေးကိုလည်းသနားမိတယ် အကြောင်းပြချက်ဆိုရင်တော့ မသိဘူး ဘာကြာင့်သနားမိလည်းတော့မသိပေမဲ့ သနားတာတော့အမှန်ဘဲ။
ဖအေစကားတောင်နားမထောင်တဲ့ရှိုင်းက လွန်းငယ်နဲ့ဆို လိမ္မာပြီးချွဲတတ်တဲ့ပုံစံလေးနဲ့ ရှိုင်းခန့်သော်ဆိုတဲ့ဇာတ်ကောင်ကိုဖန်တီးခဲ့တယ်။ ပြောချင်တာက ရှိုင်းရဲ့တစ်ခုတည်းသောအားနည်းချက်ကလွန်းပေါ့။
ကြီးကြီးကျယ်ကျယ်ကြီးတော့မဟုတ်ပေမဲ့ ဒီficလေးကို ကြိုးစားပြီးရေးထားရတာမို့ ကြိုက်ပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်။ မကြိုက်တဲ့သူဆိုရင်လည်း ကြိုက်သလိုဝေဖန်နိုင်ပါတယ် ပြး်တင်ရှုံ့ချတာမျိုးတော့မလုပ်ကြပါနဲ့။ မကြိုက်တဲ့သူတွေအတွက်လည်း ကိုယ်ကဘဲမှားသလိုခံစားရပါတယ်။ ကိုယ်သာကောင်းအောင်ရေးနိုင်ရင် မကြိုက်ဘူးဆိုတာရှိမှာမှမဟုတ်တာနော်။ ကိုယ်အသုံးမကျလို့ဘဲ မကြိုက်ဘူဆိုတဲ့သူတွေရှိကြတာပဲလေ။
ဘာဘဲဖြစ်ဖြစ် ကြိုက်တဲ့သူဘဲဖြစ်စေ မကြိုက်တဲ့သူဘဲဖြစ်စေ ကိုယ်ကတော့အားလုံးကို ကျေးဇူးတင်ပါတယ် နောက်ocလေးကိုလည်း စောင့်မျှော်ကြပါဦးဗျ
နောက်ocလေးထပ်တင်ဖို့ သိပ်မကြာတော့ပါဘူး ၂ရက်၃ရက်လာက်နေရင် စတင်ပေးပါမယ်နော် introလေးတော့ အားရင်ဖြည်းပြီးတင်ပေးထားပါ့မယ် အဆုံးထိဖတ်ပေးကြတဲ့သူအာလုံးကိုမှိုင်းကျေးဇူးတင်ပါတယ်🤗🩵
![](https://img.wattpad.com/cover/359999675-288-k697445.jpg)
YOU ARE READING
MY Bad Elder Brother...
Romance" အတိတ်ကအတိတ် ၊ ပစုပ္ပန်ကပစုပ္ပန် ၊ အနာဂိတ်ကအနာဂတ်.. ဘယ်အရာမှ ကျုပ်စိတ်မဝင်စားဘူး... ဒါမဲ့ ခုလက်ရှိမှာ ရှိနေတဲ့ခင်ဗျား ၊ ပစုပ္ပန်ကခင်ဗျား ၊ အနာဂတ်ကခင်ဗျား.. အရာအားလုံးကို မြတ်နိုးတယ် ခင်ဗျားနဲ့ပတ်သက်တာမှန်သမျှ ကျုပ်ချစ်တယ်... " " ... "